မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 24, 2026
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကုန်းတဲ(တောင်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင် (၆၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာ၊ ဓား ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွ ကျေးရွာနေ ဒေါ်ခင်ဌေးမော်(၅၄)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်၊ ဓားများဖြင့် ပစ်ခတ် ထိုးခုတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
Posted on Feb 24, 2026အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Feb 24, 2026မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Posted on Feb 23, 2026မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
