KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2024


     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကျေးရွာသို့  KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ မလဲ့လဲ့ဝင်း(၃၂)နှစ်၏ နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျည် ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မလဲ့လဲ့ဝင်းတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Posted on May 02, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 01, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ကြေညာချက်

Posted on May 2, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

Posted on Apr 26, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း

HOT NEWS
January 4,