ASEAN Family Day 2019 အခမ်းအနားကို ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း

ASEAN Family Day 2019 အခမ်းအနားကို ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / July 30, 2019


(၃၀-၇-၂၀၁၉ ရက်၊ ပါရီမြို့)

ပါရီမြို့ရှိ အာဆီယံကော်မတီ (ASEAN Committee in Paris - ACP)မှ နှစ်စဉ် ကျင်းပပြုလုပ်လေ့ ရှိသည့် အာဆီယံမိသားစုနေ့ (ASEAN Family Day) အခမ်းအနားကို ၂၇-၇-၂၀၁၉ ရက် (စနေနေ့) (၁၀:ဝ၀)နာရီမှ (၁၇:ဝ၀)နာရီအထိ ပါရီမြို့အနောက်ဘက် Croissy-sur-Seine ရှိ Chateau Chanorier ပြတိုက်၏ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ရှိ ACP ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အာဆီယံမိသားစုနေ့ အခမ်းအနားသည် ပါရီမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အထောက်အကူပြုစေကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပါရီမြို့၊ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ Croissy-sur-Seine မြို့တော်ဝန် Mr. Jean Roger Davin နှင့် ဇနီး၊ ယူနက်စကိုဆိုင်ရာ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ သံတမန်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအဝင် စုစုပေါင်း (၂၀ဝ)ကျော် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနား၌ အာဆီယံသံရုံးများမှ ၎င်းတို့၏ ရိုးရာအစားအသောက်များဖြင့် တည်ခင်း ဧည့်ခံခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကို ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026