ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လျှပ်စစ်ဓာတ်အားလိုင်း တိုင်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လျှပ်စစ်ဓာတ်အားလိုင်း တိုင်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 29, 2026
PDF အမည်ခံ အကြမ်းဖက်သမားများသည် ဒေသအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်စေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားလိုင်း တိုင်များကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာနှင့် ရွှေဝါမြိုင်ကျေးရွာကြားရှိ နေရာသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၂ ဦးခန့်က ဆိုင်ကယ် ခြောက်စီးဖြင့် ရောက်ရှိလာပြီး လျှပ်စစ်ဓာတ်အားလိုင်းတိုင်အမှတ်(၃၁၁)နှင့် (၃၁၂)တို့အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့သဖြင့် အဆိုပါဓာတ်အားလိုင်းတိုင် နှစ်တိုင်မှာ အောက်ခြေမှကျိုး၍ ပြိုလဲပျက်စီးခဲ့ကြောင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ လျှပ်စစ်ဓာတ်အားလိုင်းတိုင်များအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Mar 26, 2026၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။
