မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက် ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက် ဒဏ်ရာရရှိ

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026

   အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

   ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်‌ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး၊ ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး ငါးလုံး၊ ရှော့တိုက်ဒုံးသီး နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဝင်းနိုင်ဦး(၁၉)နှစ်၊ မောင်ချစ်ကို (၁၉)နှစ်၊ မောင်ဇေယျာမြင့်မြတ်(၁၈)နှစ်နှင့် မောင်ကြယ်စင်ကိုကို(၁၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

   ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Feb 11, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။

Posted on Feb 10, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။

Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။

Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။

Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။

Posted on Feb 06, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Feb 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Posted on Feb 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းခဲ့ကြောင်းသိရှိရပါသဖြင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းအနေဖြင့် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။