စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 20, 2026
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၁၈ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေ ၁၇ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ အာလကပ္ပကျေးရွာနေ ဒေါ်တင့်တင့်ထွန်း(၃၄)နှစ်သည် ဂရုကျေးရွာမှ အာလကပ္ပကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဂရုကျေးရွာနှင့် အာလကပ္ပကျေးရွာကြားအရောက်၌ ၎င်းအနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်နေ ကဇိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အထက်တန်းပြကျောင်းဆရာမ ဒေါ်ခိုင်ခိုင်အေး(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ခြံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ ရရှိခဲ့၍ ဆေးကုသနိုင်ရေး ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
