ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်းများအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်းများအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 01, 2026
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ် ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၃၀ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီတွင် နောင်ချိုမြို့နယ်၊ နမ့်ဆောင်ဟူးကျေးရွာနေ ကိုဇင်မျိုးထွန်း(၂၈)နှစ်သည် ကျေးရွာ၏အရှေ့ဘက် နှစ်ဖာလုံခန့်အကွာရှိ တောအတွင်း၌ အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီတွင် မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာနေ မမေယုခိုင် (၃၀)နှစ်သည် မြို့ကုန်းကျေးရွာ၏မြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ ငါးကန်သို့ သွားရောက်စဉ် အဆိုပါကန်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Jun 1, 2026အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်
စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Jun 1, 2026စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...
Posted on May 29, 2026ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
