မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းသုံးစာရေးကိရိယာများအား အကြမ်းဖက်ခြိမ်းခြောက်ကာ လုယက်ယူဆောင်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းသုံးစာရေးကိရိယာများအား အကြမ်းဖက်ခြိမ်းခြောက်ကာ လုယက်ယူဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 26, 2026


     အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း၊ စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာ(ဆားတောင်)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်စုစုခိုင်(၄၅)နှစ်သည် အဆိုပါကျောင်းအတွက် လိုအပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသုံးစာရေးကိရိယာများအား “သလ္လာဝတီ” ခရီးသည်တင် မော်တော်ယာဉ်လိုင်းဖြင့် တင်ဆောင်၍ ရေစကြိုမြို့မှ စည်သာ(ဆားတောင်)ကျေးရွာသို့ ထွက်ခွာလာစဉ် နံနက် ၇ နာရီတွင် ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ဗလာစာအုပ် ၅၀ ဒါဇင် ထည့်ထားသည့် ဆာလာအိတ် ၃ အိတ် ၆၀၀ အုပ်( ၁ အုပ်လျှင် ၁၂,၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၇၂၀,၀၀၀ ကျပ်)၊ ဗလာစာအုပ် ၆ ဒါဇင်ပါ ၁ အိတ်(တန်ဖိုး ၈၆,၄၀၀ ကျပ်)၊ ခဲတံ ၁၃၉ ဒါဇင် ၈ ချောင်းပါ တစ်အိတ် ၁၆၇၆ ချောင်း (၁ ချောင်းလျှင် ၆၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁,၀၀၅,၆၀၀ ကျပ်)၊ ဘောပင် ၆၈ ဒါဇင် ၄ ချောင်းပါ ဆာလာအိတ် ၁ အိတ် ၈၂၀ ချောင်း(၁ ချောင်းလျှင် ၇၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၅၇၄,၀၀၀ ကျပ်)၊ အချိန်ပိုင်း ကျောင်းခေါ်ချိန်မှတ်တမ်း စာအုပ် ၂၃ အုပ်( ၁ အုပ်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၄၆,၀၀၀ ကျပ်)၊ နေ့စဉ်မှတ်တမ်းစာအုပ် ၄၃ အုပ်(၁ အုပ်လျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၈၆,၀၀၀ ကျပ်)၊ နိုင်ငံတော်အလံ ၂ ခု(၁ ခုလျှင် ၇၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ၁၄၀,၀၀၀ ကျပ်)၊ စုစုပေါင်းတန်ဖိုး ၂,၆၅၈,၀၀၀ ကျပ်တို့အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍ ကျောင်းသုံးစာရေးကိရိယာများအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ