မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026


    လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အစိုးရဌာနပိုင် မော်တော်ယာဉ်များ၊ အရပ်သားပြည်သူများ၏ အဖိုးတန်ပစ္စည်းများ၊ ခရီးသွားအရပ်သား မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါသည်။

    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၂၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာဉ်မောင်းဖြစ်သူ ဦးပြည့်ဖြိုးဟိန်း (၃၀)နှစ်သည် စည်ပင်သာယာရေးအဖွဲ့ပိုင် 2Q-XXXX SINO TRUCK ခြောက်ဘီး မော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်းရှိ အမှိုက်များအား တင်ဆောင်ကာ အမှတ်(၃)ရပ်ကွက်အနောက်ဘက် လေးဖာလုံခန့်အကွာရှိ အမှိုက်စွန့်ပစ်သည့်နေရာသို့ ပို့ဆောင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ မော်တော်ယာဉ်ပေါ်မှ ဆင်းခိုင်းကာ အဆိုပါ မော်တော်ယာဉ်အား လုယက်ယူဆောင်ဆောင်သွားခဲ့ကြောင်း သိရသည်။

    ထိုသို့ နိုင်ငံ့ဝန်ထမ်း တစ်ဦးအား လက်နက်အားကိုးဖြင့် အကြမ်းဖက်ခြိမ်းခြောက်၍ စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်အား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ