နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယပြည်ပရေးရာဝန်ကြီးဟောင်း ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့


နိုင်ငံခြားရေးဝန်ကြီးဌာန/ location / August 08, 2019


(၈-၈-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ အိန္ဒိယသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် ရှရီ နရန်ဒရာ မိုဒီထံသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဟောင်း ရှရီမတီ ဆူရှမာ ဆွာရာ့ဂျ်သည် ၆-၈-၂၀၁၉ ရက်နေ့တွင် ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။