(၁၇) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)” နှင့် “(၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကျင်းပမည်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန/ Naypyitaw / November 09, 2018


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ အကြား ချုပ်ဆိုခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီမှုစာချုပ် ၁၉၉၇ အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆွေးနွေးပွဲကို ၂၀ဝ၁ ခုနှစ်မှစ၍ မြန်မာ-တရုတ် နှစ်နိုင်ငံအလှည့်ကျ ကျင်းပလျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်လာစေရန်နှင့် အိမ်နီးချင်းပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲလာစေရန် ဖြစ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတကာ ကုန်စည်ပြပွဲများကို သွားရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          “(၁၇) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)” နှင့် “(၁၃) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေး” ကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ နယူး စကားလိုက် ဆောက်လုပ်ရေးကုမ္ပဏီလိမိတက်၊ မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး) တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ယခုနှစ် တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယခုနှစ် ပြပွဲကို မူဆယ်ဗဟိုစီးပွားရေးဇုန် (မင်္ဂလာမူဆယ်ဈေး) အတွင်းရှိလမ်းများတွင် ၃ မီတာ x ၃ မီ တာ အကျယ်အဝန်းရှိ ပြခန်းပေါင်း (၄၀ဝ) ခန့်ဖြင့် တည်ဆောက်ခင်းကျင်းပြသသွားမည်ဖြစ်ရာ တရုတ်လုပ်ငန်းရှင်များမှ ပြခန်းပေါင်း (၃၀ဝ) ကျော်နှင့် မြန်မာလုပ်ငန်းရှင်များအတွက် ပြခန်း (၁၀ဝ) ခန့်ပါဝင်ပြသနိုင်ရေး စီးစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် မြန်မာစီးပွားရေးလုပ်ငန်း ရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

            ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ နေပြည်တော်ဖုန်း၊ ဝ၆၇-၄၃၀၄၄၆/၄၃၀၄၄၇၊ ဖက်(စ်) ဝ၆၇-၄၃၀၁၂၈၊ Email:moctradefair@gmail.com၊ မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း၊ ဝ၁-၂၅၄၀၂၄၊ Email:itpic.moc@gmail.com နှင့် မောရွှေလီ ကုန်သွယ်မှုဗဟိုဌာန (မူဆယ်) ဖုန်း- ဝ၉-၄၄၀ဝ၀၃၈၅၄ Email:mawshweli.muse @gmail.com တို့ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။