ILO ရာပြည့်မှစသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တိုးမြင့်ရေးနှင့်လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ”ဆောင်းပါးပြိုင်ပွဲဆုရရှိသူစာရင်းထုတ်ပြန်


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန/ နေပြည်တော် / July 04, 2019


နေပြည်တော်  ၊ဇူလိုင် ၄ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက၂၀၁၉ ခုနှစ်တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ရာပြည့်နှစ်အထိမ်းအမှတ် အဖြစ် “ILOရာပြည့်မှစသင့်လျော်ကောင်းမွန်သောအလုပ်အကိုင်တိုးမြင့်ရေးနှင့်လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကိုဖိတ်ခေါ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအနှံ့ အပြားမှအလွတ်တန်းပညာရှင် ၅၁ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲဆောင်းပါးများကို ကျွမ်းကျင်ပညာရှင်များပါဝင်သော ဆောင်းပါးပြိုင်ပွဲစိစစ် အကဲဖြတ်ရေးအဖွဲ့မှ စိစစ်အကဲဖြတ်ခဲ့ရာ ပထမဆု ဦးထိန်လင်း (လင်းအာရုဏ်ဦး)ပဲခူး၊ ဒုတိယ ဆုထက်ဝေအောင်(စစ်ကိုင်း)၊ တတိယဆု အောင်နှင်း တို့က ရရှိခဲ့ကြပြီး သက်ဦးမောင် (NUAC)၊ ဒေါ်ရီရီထွေး၊ ကျောင်းဆရာ ကိုကိုဝင်း၊ မြမဉ္ဇူဝေ (ကျုံမငေး)၊ ဒေါ်လှိုင်းအိ တို့က နှစ်သိမ့်ဆုများ အသီးသီးရရှိကြသည်။ ဆုရရှိသူများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကဆုများ ထိုက်တန်စွာချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ကြောင်းသတင်းရရှိသည်။