၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
နောက်ဆုံးရသတင်းများ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 08, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on July 08, 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန / Posted on July 08, 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ................................
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / December 05, 2024

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် လွှင့်တင်ထားပြီးဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။
အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင် ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံ စစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာ တည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။
ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား ၅ မျိုးဖြင့် လွှင့်တင်မည် ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။