နောက်ဆုံးရသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on June 06, 2023

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန်ရည်ရွယ်၍ ...................................

ဧပြီလ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှတို့က သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေအား မေးမြန်းလျှောက်ထားစဉ် ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့်တရားတော်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2023

အဆောင်ဘာလုပ်တုံးလို့မေးတယ်၊ အဲဒီတော့ ဘုန်းဘုန်းကတရားဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊ ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့ အကြောင်း၊ တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော် ရှိခိုးပါ၏။ ပဉ္စသတသဟဿာနိ၊ ပဉ္စကငါး၊ သတကတစ်ရာ၊ ငါးသတ။ သဟဿာကတစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း။ အဲဒီတော့ ပဉ္စသတ သဟဿာနိ ငါးသိန်းသော ဘုရားရှင်တို့ ကိုလည်း တပည့်တော် ရှိခိုးပါ၏။ ပေါင်းလိုက်တော့ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။ ဘုရား ငါးသိန်း တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးကပြောတယ်။ သူကငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သားအရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။ ဘေးရှင်းတယ်တဲ့။ ဆွမ်းခံသွားရင်လည်း ဘယ်တော့မှ မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွားတယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊ အဲဒါဘယ်တုန်းကစခဲ့တာတုံး ဆိုတော့.. လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်၊ ခုနစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ်ကြည့်တော့ ညနေ ၄ နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 07, 2023

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။

သတင်းစာများ

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသောစဉ်းစားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၃)


ကော်မရှင်နှင့်ကော်မတီများ/ Yangon / March 22, 2023


     လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့် (the right to education) ရှိကြောင်း ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ တွင် အတိအလင်း ပြဆိုထားပါသည်။ ထိုအခွင့်အရေး ကို အကောင်အထည်ဖော်ရာတွင် တန်းတူရည်တူ ပညာသင်ယူခွင့်ကို အခြေခံလိုအပ်ချက် အဖြစ် အသိအမှတ်ပြု ဖော်ပြကြပါသည်။ ဤအခွင့်အရေးကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ရာတွင် အခြေခံပညာအဆင့်များ၌ အခမဲ့ပညာသင်ယူခွင့်ရရှိရေးသည် အလွန်အရေးပါသော အချက် များဖြစ်ပြီး မသင်မနေရ မူလတန်းပညာရေး သဘောတရားကို လိုက်နာဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။ နိုင်ငံတော်အစိုးရ၏ KG+9 မူဝါဒကို အကောင် အထည်ဖော်ဆောင်မှုသည်လည်း ဤသတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိပါ သည်။

     အဓိပ္ပာယ်ပြည့်ဝသော ပညာသင်ယူပိုင်ခွင့်ရရှိရေးတွင် ပညာသင်ယူရန် လွယ်ကူ အဆင်ပြေမှုနှင့် တန်းတူရည်တူ ရှိမှုတို့သည် မရှိမဖြစ် လိုအပ်သော အခြေအနေများ ဖြစ်ကြ ပါသည်။ မည်သည့်နေရာတွင်သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင် မည်သည့် သင်ခန်းစာများ ပါဝင်သည်ဖြစ်စေ၊ သင်ကြားပို့ချသူ ဆရာ/ ဆရာမများသည် မည်သူများ ပင်ဖြစ်စေ ပညာရေး၏ အန္တိမရည်မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏ အကျိုး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်သည်။ ပညာတတ်ပုဂ္ဂိုလ်များသည် အမှန်စင်စစ် နိုင်ငံအတွက် အရေးကြီးသော အဖိုးတန်ရတနာများဖြစ်သည်ကို ထင်ထင်ရှားရှား သိမြင်ကြ မည်ဖြစ်ပါသည်။ ယင်းကဲ့သို့ ရှုမြင်မည် ဆိုပါက ပညာသင်ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်အတွက် အမြော်အမြင်ရှိသည့် လမ်းစဉ်တစ်ရပ် ဖြစ်ပါသည်။

     ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အပြည့်အဝအကောင်အထည် ဖော်ရန် ကြိုးပမ်းမှုများကို အားလုံးက ကြိုဆိုကြလိမ့်မည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေး ကော်မရှင်က ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download

ဗီဒီယိုများ