နောက်ဆုံးရသတင်းများ

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 02, 2024

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့်အတူနေ ဆရာမတစ်ဦးအား သတ်ဖြတ်လုယက်မှုကျူးလွန်သူ အမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 02, 2024

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီ (၆၁) နှစ် (ဘ) ဦးညွန့်မောင်၏နေအိမ်၌ အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသားဖြစ်သူ မျိုးမင်းသူ (၁၉) နှစ်သည် နေအိမ်အတွင်း ဝင်ရောက်၍ ဆရာမကြီး ဒေါ်ဝင်းရီနှင့် အတူနေ ကျောင်းဆရာမ ဒေါ်အွန်စော (၂၂) နှစ် (ဘ) ဦးကျော်စွာထွန်းတို့အား ဓားဖြင့် ထိုးခုတ်၍ နေအိမ်အတွင်းရှိ စိန် ၁ လုံးပါ တစ်မတ်သား လက်စွပ် ၁ ကွင်း၊ ကာလတန်ဘိုး ၂၄ သိန်းကျပ်ခန့်နှင့် ငွေကျပ် ၁၂ သိန်းခွဲတို့အား လုယက်ယူဆောင်ထွက်ပြေးသွားသဖြင့် ဆရာမကြီး ဒေါ်ဝင်းရီတွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ဆရာမ ဒေါ်အွန်စောတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ပျဉ်းမနားမြို့မ ရဲစခန်း(ပ)၃၅၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 02, 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်၊ နိုဝင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်၊ နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 01, 2024

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နိုဝင်ဘာလ (၁၈) ရက်မှ (၂၇) ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on October 31, 2024

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023