နောက်ဆုံးရသတင်းများ

(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြစစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 28, 2024

(၇၉) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက် စစ်ရေးပြကြခဲ့ကြသည့် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ကျင်းပပြုလုပ်သည်။

(၇၉) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပိုစတာကြီးများ စိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 28, 2024

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာကြီးများကို စိုက်ထူထားရှိသည်။

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံအားပေး၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 28, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ပန်လျန်းကျေးရွာ၊ ကျောက်ကချားကျေးရွာများရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ ပြန်လည်အခြေချနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

သတင်းစာများ

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ အသိပေးကြေညာချက်


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ/ location / January 12, 2022
image


 

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ စည်းကြပ်ကောက်ခံလျက် ရှိသော ပစ္စည်းခွန်များအား ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်း ကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာရှိ ရုံးချုပ်တွင် အခွန်ငွေပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ အခွန်ထမ်းပြည်သူများ ပိုမိုလွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ရေးအတွက် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် ရုံးခွဲများတိုးချဲ့ဖွင့်လှစ်၍ အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံ များအပေါ် စည်းကြပ်သည့်ပစ္စည်းခွန်များကို ကောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် -

(က) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
(ခ) လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ဖြစ်စေ ငှားရမ်းထားသော မြေနှင့်အဆောက်အအုံများ၊
(ဂ) ဟိုတယ်၊ မိုတယ်၊ အင်းစသည့်လုပ်ငန်းလုပ်ကိုင်သော မြေနှင့်အဆောက်အအုံများ၊
(ဃ) Apartment, Tower, Residence, Condominium အစရှိသည့် မြေနှင့်အဆောက် အအုံများ၊
(င) စက်ရုံ၊ အလုပ်ရုံစသည့် စက်မှုဇုန်အတွင်းရှိ မြေနှင့်အဆောက်အအုံများ၊

 

၂။ သို့ပါ၍ အဆိုပါ ခရိုင်/မြို့နယ်များအတွင်းရှိ အခွန်ထမ်းပြည်သူများအနေဖြင့် ၂၀.၁.၂၀၂၂ ရက်နေ့မှစ၍ ပစ္စည်းခွန်များ သွားရောက်ဆက်သွယ်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

- အရှေ့ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (တောင်ဥက္ကလာပ၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ ဒဂုံ(အရှေ့)၊ ဒဂုံ(ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း)
ဝေဇယန္တာလမ်းနှင့်သစ္စာလမ်းထောင့်၊ အမှတ်(၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်

- မြောက်ပိုင်းခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး (ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်၊ လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ အင်းစိန်)
ဘုရင့်နောင်လမ်း၊ မြို့သစ်ဈေးအနီး၊ မြို့သစ်(ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်

- ရာပြတ်ဌာန ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ၄၅-လမ်းကြား)၊ ၁၂ထပ်ခွဲရုံး၊ ၁၂-လွှာ

 

ရာပြတ်ဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023