တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလို ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 07, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာ၌ အောက်တိုဘာ ၄ ရက်တွင်အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံခန့်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရှိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာ အုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ)အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့  ၇ ဦးကို အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ်တစ်စီး၊ HONDA CIVIC ယာဉ် ၁ စီး၊ TOYOTA CROWN ယာဉ်တစ်စီး၊ ISUZU D-MAX  ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ၏ ပိုင်ရှင်ဖြစ်သူစိုင်းမွန်းနေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်အား နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 06, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 06, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023