ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 10, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၀

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၌ စိုက်ထူထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းဆိုင်းဘုတ်အား အဆိုပါကျေးရွာနေ ကျော်မြင့် (၆၅)နှစ်မှ ဖျက်ဆီးခဲ့သဖြင့် ကျော်မြင့်အား ချောင်းဆုံမြို့မရဲစခန်း (ပ)၁၂၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၆(က)/၂၄(က) ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပေါင်းနားရပ်ကွက်နေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၁) ဦးသက်ဝေထွန်းသည် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ဆုတ်လေဦးလမ်းဆုံအရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများအား နိုဝင်ဘာလ ၃ ရက်နေ့တွင် ဆင်ဖြူကျွန်းနယ်မြေရဲစခန်း (ပ)၁၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)ဖြင့် လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၄ ရက်နေ့တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲအကျိုးပြုပညာပေးဇာတ်လမ်းတိုနှင့်ပတ်သက်၍ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ဆန့်ကျင်လှုံ့ဆော်သည့် စာသားများရေးသားဖြန့်ဝေခဲ့သည့် “Daw Yamone Oo" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ပုလဲကျေးရွာနေ ယမုံဦး(၃၀)နှစ်အား သုံးခွမြို့မရဲစခန်း (ပ) ၁၃၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း၊ အလားတူ နိုဝင်ဘာလ ၅ ရက်နေ့တွင် အေအင်န်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်မှ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား တိုက်ဖျက်သွားရန် ကြေညာချက်ထုတ်ပြန်ခဲ့သဖြင့် အေအင်န်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်ပါ ၂၂ ဦးတို့အား သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေရဲစခန်း (ပ)၁၅၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ)ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၄ ရက်နေ့တွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ဆန့်ကျင်လှုံ့ဆော်သည့် စာသားများရေးသားဖြန့်ဝေခဲ့သူ “Khin Ma" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ ဒေါက်တာခင်မအား နိုဝင်ဘာလ ၅ ရက်နေ့တွင် မရမ်းကုန်းမြို့မရဲစခန်း (ပ)၁၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့်လည်းကောင်း၊

အလားတူ နိုဝင်ဘာလ ၆ ရက်နေ့တွင် "AAMIJ News" Facebook Page မှ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်စိုးအား မဲဆွယ်စည်းရုံးခြင်း မပြုနိုင်စေရန် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေမည့် စာသားများအား နှောင့်ယှက်ရေးသားဖြန့်ဝေခဲ့သဖြင့် “AAMIJ News" Facebook Page မှ တာဝန်ရှိသူများအား နိုဝင်ဘာလ ၇ ရက်နေ့တွင် အလုံမြို့မရဲစခန်း(ပ)၂၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 10, 2025

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 10, 2025

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023