ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ အောင်နိုင်ရေးအလံ ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများထံ အောင်နိုင်ရေးအလံ ပေးအပ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / December 02, 2024
နေပြည်တော် ဒီဇင်ဘာ ၂
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ကိုယ်စားပြုအားကစားသမားများထံ အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားအသင်းခေါင်းဆောင်များ၊ အားကစားသမားများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် စိတ်ဓာတ် ခံယူချက်မြင့်မားရေး၊ အကောင်းဆုံးသည်ပထမ ဆောင်ပုဒ်အတိုင်း အားကစားအောင်နိုင်ရေး၊ အားကစားဖြင့် ဝန်ကြီးဌာန၏ဂုဏ် မြှင့်တင်ပေးကြရေး၊ထိုမှတဆင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်သည်အထိ ကြိုးစားကြရေး မှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးက အားကစားနည်းအလိုက် အောင်နိုင်ရေးအတွက် လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ထားရှိမှု ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဖြည့်စွက်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အားကစားအသင်းများ၏ အဖွဲ့ခေါင်းဆောင်များကို အောင်နိုင်ရေးအလံ ပေးအပ်ရာ အားကစားနည်းအလိုက် အသင်းခေါင်းဆောင်များက လက်ခံရယူ ကြသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနက ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက် စသည့် အားကစား နည်းများတွင် အားကစားအဖွဲ့ဝင် (၁၀၀) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး အဆိုပါအားကစား သမားများ၏ လေ့ကျင့်နေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 13, 2025
သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 13, 2025
သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး(သာသနာရေး)၊ ရုံးအမှတ်(၃၁)၊ နေပြည်တော်တွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ၂ နေရာ၊ ယာဉ်မောင်း(၅) ၁ နေရာ၊ သန့်ရှင်းရေးအကူ ၁ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on November 12, 2025
လျှောက်လွှာပုံစံ
