မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်စံကျေးရွာ၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026


    ၂၀၂၆ ခုနှစ်၊ မေ ၂၃ ရက် နံနက် ၆ နာရီ ၄၉ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်စံကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လုံးပတ် ၁၀ ပေ၊ အမြင့် ၈၀ ပေခန့်ရှိ မန်ကျည်းပင်သည် အမြစ်လန်၍ လဲကျပြီး ပိုင်ရှင် ဒေါ်ခင်လှိုင်(၇၆)နှစ်၏ မီးဖိုဆောင်ပေါ်သို့ ပိမိနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။ 
အဆိုပါဖြစ်စဉ်ကြောင့် ပိုင်ရှင် ဒေါ်ခင်လှိုင် ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် မောင်ဝေဖြိုးအောင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၈ x ၂၄ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ် မီးဖိုဆောင် တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 19, 2024

Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 02, 2023

ဗီဒီယိုများ