မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာချင်းဆက်လမ်းနှင့် ဆားပွက်ချောင်းတံတားချဉ်းကပ်လမ်းဖွင့်ပွဲကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / November 12, 2025
image_latest


မင်းဘူး(စကု) နိုဝင်ဘာ ၁၁

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေတွင်းကုန်း- ဆင်လမ်းကြီးကျေးရွာချင်းဆက်လမ်းနှင့် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတား ချဉ်းကပ်လမ်းဖွင့်ပွဲကို နိုဝင်ဘာလ ၁၀ ရက်က ကျင်းပသည်။

            ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတားချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း - ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း မုခ်ဦးရှေ့တို့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည့် ဘင်ခရာအဖွဲ့နှင့် အိုးစည်၊ ဒိုးပတ်အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

           ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ရေတွင်းကုန်းကျေးရွာ ဆားပွက်ချောင်းတံတားချဉ်းကပ်လမ်းနှင့် ရေတွင်းကုန်း - ဆင်လမ်းကြီး ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 12, 2025

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ

ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on November 12, 2025

ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023