ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၈/၅)နှင့် (၇၈/၆)ကြား၊ မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်မှု

ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၈/၅)နှင့် (၇၈/၆)ကြား၊ မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်လမ်းဆုံတွင် တောင်ကြီးမှ ကလောသို့ ယာဉ်မောင်း ခွန်လှဇော်(၂၇)နှစ် မောင်းနှင်လာပြီး ခရီးသည် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၄၆ ဦး စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် NPW-3၊ 5P/XXXX SUNLONG အမျိုးအစား အဖြူရောင် ခြောက်ဘီး “ဒို့ညီနောင်” ခရီးသည်တင်ယာဉ်သည် နတ်မောက်မြို့မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း အေးလွင်(၂၇)နှစ် မောင်းနှင်ပြီး ခရီးသည် အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၉ ဦး စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် MDY-17၊ 2G/XXXX NISSAN ATLAS အမျိုးအစား အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အမှတ် MDY-17၊ 2G/XXXX NISSAN ATLAS အမျိုးအစား အဖြူရောင်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့် ပျက်စီးဆုံးရှုံးခဲ့ပြီး၊ NISSAN ATLAS အမျိုးအစား အဖြူရောင်ယာဉ်ပေါ်ပါ စုစုပေါင်း ၁၉ ဦးအနက် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မောင်း ခွန်လှဇော်အား အောင်ပန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 06, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ