ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ရန်ကုန်တိုင်းဒေသကြီးရှိ စံနမူနာပြရှေ့ပြေးဥပဒေရုံးများ ကြည့်ရှုစစ်ဆေး
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ရန်ကုန်တိုင်းဒေသကြီးရှိ စံနမူနာပြရှေ့ပြေးဥပဒေရုံးများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2026
ရန်ကုန် မေ ၂၃
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စံနမူနာပြ ရှေ့ပြေးဥပဒေရုံးများအဖြစ် ဆောင်ရွက်နေသည့် သင်္ဃန်းကျွန်းခရိုင်၊ သာကေတမြို့နယ်၊ သန်လျင်ခရိုင်၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စမ်းချောင်း မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ရှိ ရှေ့ပြေးဥပဒေရုံးများနှင့် သန်လျင်မြို့နယ်ရှိ ဥပဒေရုံးသစ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှေ့ပြေးဥပဒေရုံးများဖွင့်လှစ်ခြင်းဖြင့် ဥပဒေအရာရှိများ ကိုယ်ကျင့်သိက္ခာနှင့်လျော်ညီစွာ နေထိုင်ရေး၊ ဥပဒေပညာရပ်များ ကျွမ်းကျင်တိုးတက်စေရေးအပြင် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ မှတ်ပုံတင်ရေးသွင်းခြင်း၊ အစီရင်ခံစာပေးပို့ခြင်းတို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန် အမှုလိုက်ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများကြား နည်းပညာအသုံးပြုခြင်းဖြင့် မြန်ဆန်စွာဆောင်ရွက်နိုင်ရန်နှင့် ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြိုတွေ့ဆုံမေးမြန်းခြင်း (Pre – Trial Interview, PTI) များကို ဆောင်ရွက်နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူမြို့နယ် ဥပဒေရုံး၊ ပဲခူး ခရိုင်နှင့် ပဲခူးမြို့နယ်ဥပဒေရုံးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on October 02, 2023

