ကရင်ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 08, 2023


ဘားအံ - ဒီဇင်ဘာ (၈)

ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ စားရေရိက္ခာဖူလုံ၍ ပိုလျှံအောင်ထုတ်လုပ်ပြီး ပြည်တွင်း၊ပြည်ပဈေးကွက်များတင်ပို့ရောင်းချနိုင်ရန်အတွက် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှု အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံရန် ဆန်၊ ဆီ၊ ပဲ အစရှိသော အခြေခံစားသောက်ကုန်များကို တိုးမြှင့်စိုက်ပျိုးပြီး ထွက်ရှိလာသောထုတ်ကုန်များကို ပို့ကုန်များအနေဖြင့် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မှသာ နိုင်ငံခြားဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးမိုးစပါးများ ရာနှုန်းပြည့်အောင်မြင် ပြီးအလေအလွင့်မရှိစေရေး၊ ဆောင်းသီးနှံများထပ်မံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုကာ သီးထပ်စွမ်းအား ၁၅၀ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ပိုမိုတိုးတက်စိုက်ပျိုးနိုင်မည့်နည်းလမ်းများကို သုံးသပ်ကြံဆ၍ တိုးတက်စိုက်ပျိုးနိုင် ရန်လိုကြောင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ နည်းစနစ်၊ ယန္တရားများနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်မည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က အခြေခံစားသောက်ကုန်ဖူလုံရန် ၊ စိုက်ပျိုးစွမ်းအားတိုးတက်ရန်၊ အထွက်နှုန်းကောင်းမွန်ရန်၊ ဈေးကွက်အလားအလာရှိသည့်သီးနှံများတိုးချဲ့စိုက်ပျိုးရန်၊ သက်ဆိုင်ရာဌာနများက တောင်သူများအားစည်းရုံးဆောင်ရွက်ပေးရန် ဝိုင်းဝန်းကူညီပေးကြရန် တင်ပြဆွေးနွေးပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ရည်မှန်းချက်ပန်းတိုင်ပြည့်မီရေး တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ တိတိကျကျ ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေလိုကြောင်း တင်ပြဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၃-၂၀၂၄ ခုနှစ် ရေသောက်နည်းလမ်းအလိုက် နွေစပါး စိုက်ပျိုးထုတ်လုပ်ရန် လျာထားမှုအခြေအနေ၊ ဆည်၊ကန်၊တမံများ၏ ရေမှတ်နှိုင်းယှဉ်ချက်၊ ချောင်းပိတ်၊မြောင်းပိတ်လုပ်ငန်းများဖြင့် စိုက်ပျိုး မည့်ဧရိယာ စသည့် စိုက်ပျိုးရေးတိုးတက်မြင့်မားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် နွေစပါးစိုက်ပျိုးရန်လျာထားဧက၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်မည့်အစီ အစဉ်၊ သီးထပ်သီးညှပ်စိုက်ပျိုးဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ကရင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လူမှုဂရုဏာလုပ်ငန်းများ၊ လက်ရှိဆောင်ရွက်နေသည့် စီမံချက်၊ စီမံကိန်း များ၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသစီမံချက်လုပ်ငန်းများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

ကြေငြာချက်များ