ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 05, 2023


ဘားအံ - ဇွန် (၅)

“များများလေ့ကျင့်၊ များများယှဉ်ပြိုင်၊ အောင်မြင်မှုပန်းတိုင်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားကစားပြိုင်ပွဲ များကို စဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့် အားကစားသမားများလေ့ကျင့်သားပြည့်ဝလာကာ ပြိုင်ပွဲအတွေ့အကြုံ များရင့်ကျက်၍ အောင်မြင်မှုများရရှိလာနိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဖူးဆယ်ပြိုင်ပွဲ ဖွင့်ပွဲတွင် ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၇)သင်း အားကစားသမား ၁၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်အားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း၊ မြို့နယ်ပေါင်းစုံမှပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် မိမိတို့ကိုယ်စားပြုမြို့နယ်အသင်းအောင်နိုင်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ကြိုးစားယှဉ်ပြိုင် ကစားကြစေလိုကြောင်း ဆက်လက်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲတွင် ပါဝင်ကူညီတီးခတ်ဖျော်ဖြေပေးပါသော အထက (၃)ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ် ဖူဆယ်အသင်းနှင့် ဖာပွန်မြို့နယ်ဖူဆယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပွဲစဉ် တွင် ဘားအံမြို့နယ်ဖူဆယ်အသင်းက ၁၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အတွင်း ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက် တစ်နှစ်လျှင်ခန့်မှန်းတန်ချိန် ၈၅၀၄၅ တန်ခန့်ထွက်ပြီး တစ်ရက်လျှင် စွန့်ပစ်ပလတ်စတစ်ပစ္စည်း(၁၀)တန်ခန့်အားအသုံးပြုကာ လောင်စာခဲ (၃)တန်ခန့်အဖြစ်ပြောင်းလဲ၍ ဓာတ်ဆီ၊ ဒီဇယ်စသည့် စွမ်းအင်အရင်းအမြစ်များနေရာတွင် အစားထိုးအသုံးပြုနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။

အဆိုပါအခမ်းအနားကို “ပလက်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပလတ်စတစ်အသုံးပြုခြင်းကိုလျှော့ချနိုင်မည့်နည်းလမ်း များနှင့်ပတ်သက်ပြီး လစဉ်အခြေခံပညာကျောင်းများ၊ လူနေရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများတွင် အသိ ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိသကဲ့သို့ Smart Village စီမံကိန်းပါ ကျေးရွာ(၃)ရွာတွင် ပြန်လည် တီထွင်အသုံးပြုနိုင်သော စွန့်ပစ်အမှိုက်အိမ်များလှူဒါန်း၍ အသိပညာပေးဆောင်ရွက်မှုနှင့် အခြေခံပညာကျောင်းများ တွင် စွန့်ပစ်အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကိုထည့် သွင်းပေါင်းစပ် နိုင်ရန်နှင့်လူငယ်များအကြား ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများတိုးပွားလာစေရန် ရည်ရွယ်၍ ပြည်နယ်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ဂုဏ်ပြုဆု ချီးမြှင့်သည့်အစီအစဉ်တစ်ရပ်ကို သတ်မှတ်စံနှုန်းများ၊ အညွှန်းကိန်းများနှင့်အညီ ပြည်နယ်အဆင့်ဆုစိစစ် ရွေးချယ်ရေး အဖွဲ့ ဖွဲ့စည်းကာရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း၊ လူတစ်ဦးချင်း ပလတ်စတစ်သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်း ပပျောက်လာအောင် အမူအကျင့်တစ်ခုအနေဖြင့်လိုက်နာဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရန် နှင့် လူသားတို့၏ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပလတ်စတစ်အသုံးပြုမှုကို ငြင်းပယ်ခြင်း၊ လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည်တီထွင်အသုံးပြုခြင်း၊ Revycle ပြုလုပ်ရာနေရာသို့ အရောက်ပြန်လည်ပို့ ဆောင်ခြင်းဟူသော 5Rs စနစ်ဖြင့် ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ်သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာ နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏သဝဏ်လွှာ တို့ကို ဗီဒီယို ဖြင့်ပြသပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေးဗီဒီယိုကို ပြသသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ သန့်ရှင်း စိမ်းလန်းစိုပြည်သောဆုရကျောင်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်း အနားကျင်းပနိုင်ရေး ပူးပေါင်းကူညီပေးကြသော ဌာနဆိုင်ရာများ၊ ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သန့်ရှင်းစိမ်းလန်းစိုပြည်သောဆုရကျောင်းများ၏ဗီဒီယိုဖိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၏ ဗီဒီယိုဖိုင်များကို ပြသခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်း ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၆/၂၀၂၄)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on April 25, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၆/၂၀၂၄)

ကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ကြေညာချက်

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023