စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ “ ပန်းခင်း ” စီမံချက်ချာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ ခန္တီးမြို့နှင့်ဆင်သေကျေးရွာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ Monywa / January 16, 2022
image


မုံရွာ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးဝန်ကြီး ဦးအေးလှိုင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိင်ကျော်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၁၅)ရက်၊ မွန်းလွဲပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၏ "ပန်းခင်း"စီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံနာဂတိုင်းရင်းသားများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ပြီး ”ပန်းခင်း ” စီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော ခန္တီးမြို့နယ်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ရှမ်းတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကချင်တိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ လူမူရေးဝန်ကြီး ဦးအေးလိူင်က နာဂတိုင်းရင်း သားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ချင်းတိုင်းရင်းသားတစ်ဦးထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး ဒေသခံပြည်သူ ဦးဉာဏ်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် အားပေးခဲ့သည်။ ခန္တီးမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနအနေဖြင့် “ပန်းခင်း” စီမံချက်အား ၂၀၂၁- ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ (၁၄)နေ့အထိ (၉)လကျော်အတွင်း အသက်ပြည့်မီလာသူများကိုပါ ဆောင်ရွက်ပေးခဲ့၍ သတ်မှတ်လျာထားချက်ထက် ကျော်လွန်ကာ (၁၁၄.၈)ရာခိုင်နှုန်းထိပြီးစီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်နေ အသက်ပြည့်မီလာသည့် ပြည်သူများအား ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထပ်မံပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များသည် ခန္တီးမြို့၊ ဇီးဖြူးကုန်းရပ်ကွက်ရှိ နာဂရိုး ရာကွင်းတွင် ဒေသခံပြည်သူများအား Phase 6 ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနေမှုအား ကြည့်ရှုအားပေခဲ့သည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြသိန်းတန် စေတီတော်ကြီးအား ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန်နှင့် ခန္တီးမြို့မြစ်ကမ်းတစ်လျှောက်ရေတိုက်စားမှုမှ ကာကွယ်ရေးဆောင်ရွက်ထားသည့် ရေထိန်းတာဘောင်များကြံ့ခိုင်မှုနှင့် ချင်းတွင်းမြစ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ မြစ်အတွင်းသန့်ရှင်းသပ်ရပ်ရေးတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၁၆)ရက် နံနက်ပိုင်းတွင် ခန္တီးမြို့နယ် ဆင်သေကျေးရွာ၌ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူ တည်ဆောက်ထားသော နမ်မုံ-ဆင်သေ-ကချင် နမ့်သဲကြီးချောင်းပေါ်ရှိ အရှည်-၁၈၀ ပေ၊ အကျယ်-၂၀ ပေ၊ သံကူ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်ချဉ်းကပ်လမ်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆင်သေကျေးရွာ အဝင်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းမည့် နေရာအားကြည့်ရှုစစ်ဆေးပြီး ဆင်သေကျေးရွာ၊ ပညာရေးဝန်ထမ်းအိမ်ယာ တည်ဆောက်ပြီးစီးမှုတို့အား လည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာ၊ဆရာမများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

သတင်းစာများ

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပမည့်ရက် ကြေညာခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on March 29, 2024

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများရောင်းချသွားမည်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 29, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023