စစ်တွေမြို့၌ မိုခါမုန်တိုင်းအလွန်ကာလတွင် ထိခိုက်ပျက်စီးခဲ့သည့် အများနှင့်သက်ဆိုင်သော အဆောက်အဦများ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် လိုအပ်သည့် တည်ဆောက်ရေးပစ္စည်းများကို ဦးစားပေးထောက်ပံ့ပေးလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 07, 2023
image_latest


စစ်တွေ ဇွန် ၆

စစ်တွေမြို့၌ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေ ကမ်းခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကမ်းနားလမ်းပြန်လည်ပြုပြင်နေမှု၊ သစ်စက်များတွင် သစ်ခွဲသားများခွဲစိတ်နေမှု၊ ဆိပ်ကမ်းများ၌ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တင်ချ နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေကမ်းနားလမ်းနှင့် ကမ်းခြေ တစ်လျှောက်ရှိအမှိုက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူစုစုပေါင်းအင်အား ၅၀၀ ကျော်ဖြင့် ရှင်းလင်းဖယ်ရှားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

မိုခါမုန်တိုင်းအလွန်ကာလတွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများ၊ မြေပြင်ပေါ်သို့လဲကျခဲ့သည့် သစ်ပင်သစ်ကိုင်းကြီးများ၊ မြို့တွင်းရှိအမှိုက်သရိုက်များနှင့် ပင်လယ်ရေလှိုင်းနှင့်အတူကမ်းခြေသို့ စုပုံရောက်ရှိလာသည့် အမှိုက်များကိုတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များပူးပေါင်း၍နေ့စဉ် ရှင်းလင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်၍လည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြည်နယ်မြို့တော် သန့်ရှင်းသာယာ လှပရေးအတွက် အားတက်သရော ဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသော စစ်တွေမြို့ကမ်းနားလမ်းရှိ ကွန်ကရစ်လမ်း၊ ပလက်ဖောင်းနှင့် ကျောက်စီမြေထိန်းနံရံများကို ဆောက်လုပ်ရေးဝန်ကြီးဌာနစစ်တွေခရိုင်လမ်းဦးစီးဌာနက လူအင်အားစက်ယန္တရားအင်အားများအသုံးပြု၍ ပြည်သူများအမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေး ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်အဖွဲ့သည် ကုလားတန်ဘက်စုံ ဆိပ်ကမ်းအနီး ယာယီသစ်ခွဲစက်များနေရာသို့ရောက်ရှိကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများတွင် အသုံးပြုနိုင်ရန်သစ်စက်များဖြင့် သစ်များခွဲစိတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မိုခါမုန်တိုင်းအလွန်ကာလတွင် ထိခိုက်ပျက်စီးခဲ့သည့်အများနှင့်သက်ဆိုင်သော အဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ သာသနိကအဆောက် အဦများကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရန်လိုအပ်သည့်တည် ဆောက်ရေးပစ္စည်းများကို ဦးစားပေးထောက်ပံ့ပေးလျက်ရှိပြီး အများပြည်သူအတွက်လည်းအချိုးကျ ခွဲဝေထောက်ပံ့ပေးလျက် ရှိသည်။ ထို့ပြင် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်နေသည့်သစ်များကိုဒေသအတွင်းမှ သာမကအခြားဒေသများမှလည်း ရေယာဉ်/မော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့ပို့ဆောင်ကာ ယာယီသစ်စက်များဖြင့် ခွဲစိတ်၍ လိုအပ်ချက်ရှိသည့် နေရာများ သို့ ဖြန့်ခွဲပေးပို့လျက်ရှိရာ ယနေ့အချိန်အထိ စစ်တွေမြို့သို့ သစ်ခွဲ သား (ကုန်ချော) ၆၄၄ တန်၊ ပြန်လည်ခွဲစိတ်ရန် သစ် ၁၂၅၃ တန် စုစုပေါင်း ၁၈၉၇ တန် ရောက်ရှိပြီးလိုအပ်ချက်ရှိသော နေရာဒေသများသို့ ၇၃၀ ဒသမ ၉၅ တန် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ဆက်လက်၍ စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်း၌ဆိုက်ကပ် ထားသော MCL-3 သင်္ဘော၊ MCL-5 သင်္ဘောနှင့်မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ တံတား၌ ဆိုက်ကပ်ထားသော CHARITES သင်္ဘောတို့ပေါ်မှကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို လူ အင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ ဘေးသင့်ဒေသများသို့ပို့ဆောင်ပေးမည့် ရေယာဉ်/မော်တော်ယာဉ်များပေါ် သို့ တင်ဆောင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး AHA Center မှ လှူဒါန်းသည့်ခြေနင်းနှင့် ဘက်ထရီဓာတ်အားသုံး ရေသန့်စက်များဖြင့် စမ်းသပ်ရေသန့်စင်နေမှုကိုကြည့်ရှု၍ အမြန်ဖြန့်ခွဲအသုံးပြု သွားရန်မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ကျင်းပသည့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ပေးအပ်လှူဒါန်း

အခမ်းအနားတွင် အလှူရှင်များကအလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့ကလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ အခမ်းအနားတွင် Ooredoo မြန်မာကုမ္ပဏီလီမိ တက်က ငွေကျပ်သိန်း ၂၀၀၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကသွပ်ပြားအချပ် ၂၀၀၀၊ ရွှေဒေါင်းပျံဆေးပေါ့လိပ်မိသားစုက ငွေကျပ်သိန်း ၁၅၀၊ Novel Hotel မိသားစုက ငွေကျပ်သိန်း ၅၀၊ ခိုင်ပြည်ငြိမ်းထွန်းကုမ္ပဏီ လီမိတက်က ငွေကျပ် ၂၅ သိန်း စုစုပေါင်း ငွေကျပ် ၄၂၅ သိန်း လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့်မြောက်ပိုင်းဒေသရှိမြို့များ လျှပ်စစ်ဓာတ်အားအမြန်ရရှိရေးအတွက် ၂၃၀ ကေဗွီဓာတ်အား လိုင်းနှင့် ၆၆ ကေဗွီဓာတ်အားလိုင်းများပြင်ဆင်ရေး ဝန်ထမ်းအင်အား ၅၈၁ ဦး၊ ယန္တရား ၆၂ စီးကို အဖွဲ့ ၁၆ ဖွဲ့ခွဲ၍ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့တွင်းဓာတ်အားလိုင်းများ ပြင်ဆင်ရေးအတွက် ဝန်ထမ်းအင်အား ၆၄၂ ဦး၊ ကရိန်း ယာဉ် ၃၆ စီး၊ အုပ်ချုပ်မှုယာဉ် ၃၆ စီး၊ အဖွဲ့ ၁၄ ဖွဲ့နှင့် ပြင်ပကုမ္ပဏီတစ်ဖွဲ့စုစုပေါင်း ၁၅ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်အားပို့လွှတ်

၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ပြုပြင်ပြီးစီးမှုအနေဖြင့် အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်း လမ်းကြောင်း၌ ၉၃ ရာခိုင်နှုန်း၊ ၆၆ ကေဗွီဓာတ်အားလိုင်း ပြုပြင် ပြီးစီးမှုအနေဖြင့် ပုဏ္ဏားကျွန်း - စစ်တွေလမ်းကြောင်း၌ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ မကြာမီကာလအတွင်းစစ်တွေမြို့သို့ ဓာတ်အားပို့လွှတ်နိုင်မည်ဖြစ်သည်။

၁၁ ကေဗွီနှင့် ၄၀၀ ဗို့ မြို့တွင်း ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြုပြင်ပြီးစီးမှုအနေဖြင့် စစ်တွေ မြို့၌ ၉၄ ဒသမ ၄၅ ရာခိုင်နှုန်း၊ ကျောက်တော်မြို့၌ ၉၉ရာခိုင်နှုန်း ဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့်ဘူးသီးတောင်မြို့များ၌ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ မြို့များအားလုံး ဇူလိုင်လပထမပတ်တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိ မည်ဖြစ်သည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်မြို့ရွာများ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊ Life Straw (ရေနောက်မှရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်များ၊ ဆိုလာစနစ်သုံးရွေ့လျား ရေသန့်စက်များဖြင့် ဖြန့်ဝေပေး လျက်ရှိသည်။

အမြန်ဆုံးပေးပို့သွားမည်

ရွေ့လျားရေသန့်ကားများကို စစ်တွေမြို့နယ်တွင် သုံးစီး၊ ရသေ့တောင်မြို့နယ်တွင် နှစ်စီး၊ မင်းပြားမြို့နယ်တွင်တစ်စီးဖြန့်ခွဲပေးပို့ထားပြီး ထပ်မံရောက်ရှိလာမည့် ရွေ့လျားရေသန့်ကားသုံးစီးကိုလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များ သို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ် သည်။

အလားတူ လျှပ်စစ်ဓာတ်အား မလိုအပ်သည့် တစ်နာရီလျှင် သုံးဂါလန်ခန့် သန့်စင်ပေးနိုင်သော Life Straw ရေသန့်စက်အလုံး ၂၁၀ ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံ မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၁၄၃ ရွာသို့ ဖြန့်ခွဲ ပေးပို့ထားပြီး ယင်းရေသန့်စက် တစ်လုံးသည် လူဦးရေ ၁၀၀ အတွက် တစ်နေ့တာသောက်သုံးရန်ရေကို လုံလောက်စွာသန့်စင်ပေးနိုင်ကြောင်း သိရသည်။

ထို့အတူ မြေသားရေကန်များမှ ရေနောက်များကို စုပ်ယူသန့်စင်ပေးနိုင်သည့် ဆိုလာသုံး ရွေ့လျားရေသန့်စက်သုံးစုံဖြင့် စစ်တွေမြို့ပေါ်ရှိရပ်ကွက်များ၌ လှည့်လည်သန့်စင်ဖြန့်ဝေပေးလျက်ရှိပြီး အဆိုပါရေသန့်စက်များသည် တစ်နာရီလျှင်ဂါလန် ၃၀၀ ခန့် သန့်စင်ပေးနိုင်သည်။ အလားတူဆိုလာစနစ်သုံး ရေသန့်စက် ၁၇ စုံ ထပ်မံရောက်ရှိပြီဖြစ်၍ မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ဆက်လက်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်သည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ သောက်သုံးရေကန်များ၌ ရေငန်ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ရေကန်များမှရေစုပ်ထုတ်၍ ပြည်သူများသန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်တို့ရှိ ကျေးရွာ ၁၁၆ ရွာမှ ရေကန်စုစုပေါင်း ၂၂၂ ကန်ကို ရေငန် စုပ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိဆောင်ရွက်ပြီးရေကန် ၁၄၂ ကန်၊ ဆောင်ရွက်ဆဲရေကန် ၁၉ ကန်နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ရေကန် ၆၁ ကန်တို့ဖြစ်ကြောင်း သိရှိရသည်။

မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို တပ်မတော်ရေယာဉ်နှင့် လေယာဉ်များဖြင့်ပို့ဆောင်ပေးလျက်ရှိရာ မေ ၁၅ ရက်မှ ဇွန် ၅ ရက်အထိ တပ်မတော်လေယာဉ်များဖြင့် ၁၁၄ ကြိမ်၊ ကုန်တန်ချိန် ၃၈၁ ဒသမ ၉၂၈ တန်၊ တပ်မတော်ရေယာဉ်ဖြင့် ၁၁ ကြိမ်၊ ပုဂ္ဂလိကပိုင်ကုန်တင်ရေယာဉ်ဖြင့် ၉ ကြိမ် စုစုပေါင်း ၁၆၂၉၈ ဒသမ ၆ တန် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဆိုပါ ကုန်ပစ္စည်းများကို တပ်မတော်ရေယာဉ်များဖြင့် ၁၇ ကြိမ်၊ ကုန် တန်ချိန် ၈၁၅ ဒသမ ၂၄ တန် ကုန်တင်မော်တော်ယာဉ်များနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှရေယာဉ်များဖြင့် ၁၄၈၇ ဒသမ ၆၃ တန်တို့အားဘေးသင့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ခွဲပို့ဆောင်ပေး ခဲ့ပြီး ဆက်လက်ရောက်ရှိလာမည့် ကုန်ပစ္စည်းများကိုလည်း အလားတူပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023