တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2023
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးအား ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လောင်းလုံးမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၂ နာရီခွဲ တွင် PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က ဝင်ရောက်လာပြီး ရုံးအဆောက်အဦအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့်သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ထိုသို့အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာဆောက်လုပ်ထားသည့် ရုံးတစ်ထပ် အဆောက်အဦ တစ်လုံး၊ ရုံးအတွင်း ထားရှိသည့် ကွန်ပျူတာ နှစ်လုံး၊ ပရင်တာ သုံးလုံး၊ သစ်ဖြတ်စက် (Chain Saw) တစ်လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်သစ်တောဦးစီးဌာနရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တပေါင်းလကွယ်နေ့၊ မတ် ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများစာရင်း (၃-၃- ၂၀၂၃)
အလုပ်သမားဝန်ကြီးဌာန / Posted on March 22, 2023
ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေးကြီးသောစဉ်းစားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၃)
ကော်မရှင်နှင့်ကော်မတီများ / Posted on March 22, 2023
The Statement of the Myanmar National Human Rights Commission on cardinal considerations to ensure access to education Statement No. (4/ 2023)
ကော်မရှင်နှင့်ကော်မတီများ / Posted on March 22, 2023