ပအိုဝ်းနှင့် ဓနုဒေသများတွင် နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 22, 2023
image_latest


နေပြည်တော် မတ် ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်မွန်ကျေးရွာသို့ ရောက်ရှိပြီး ရွှေတက်တိုး မွေးမြူရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်း ဖွဲ့စည်းလျက် နွားအကောင်ရေ ၃၀ မွေးမြူလျက်ရှိသော သမဝါယမ အသင်း အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမအသင်းများ ဖွဲ့စည်း၍ ဒေသနွားမျိုးများ မွေးမြူရေး၊ ခြံလှောင်စနစ်ဖြင့် မွေးမြူရေး၊ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ ထုတ်လုပ်ရေး မှာကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က သမဝါယမ အသင်း ဖွဲ့စည်းဆောင်ရွက်မှုနှင့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ ဒေသဦးစီးမှူး ဒေါ်နီနီဝင်းက ပင်းလောင်းမြို့နယ်အတွင်း နွားမွေးမြူရေးလုပ်ငန်းများ အခြေအနေ၊ မျိုးချောင်းစနစ်ဖြင့် မေထုန်မဲ့သားစပ်လုပ်ငန်းများ အခြေအနေနှင့် ကုသရေးလုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ယွန်းလျှံ လယ်ယာအထောက်အကူပြုကုမ္ပဏီမှ ဦးအောင်မျိုးဦးက နွားမွေးမြူရေး အတွက် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများ၏ စိုက်ခင်းများတွင် ဝင်ငွေရ ကြီးမြန် သစ်ပင်များ စိုက်ပျိုးနိုင်ရေး ပညာပေး ဟောပြောဆွေးနွေးသည်။

ယင်းနောက် နောင်မူကျေးရွာ ရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ သရက်ကုန်းကျေးရွာသို့ သွားရောက်ကာ ထွန်းတောက်ကြယ် မွေးမြူရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်း ဖွဲ့စည်းလျက် နွားအကောင်ရေ ၆၀ မွေးမြူလျက်ရှိသော သမဝါယမ အသင်းအမှုဆောင်များ၊ အသင်းသူ/သားများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နွားမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက် နေသော ဝါးခမောက်ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Forever ရေဝတီကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရုပ်ရှင်၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများနှင့် အစီအစဉ်များ ရိုက်ကူး ထုတ်လုပ်ရေးအတွက် Studio နှင့် ရိုက်ကွင်းနေရာများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု လေ့လာအားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်းတယမြို့နယ်၊ ဝါတရာကျေးရွာသို့ သွားရောက်ပြီး ဝါတရာ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း ဖွဲ့စည်းလျက် နွားအကောင်ရေ ၁၁၀ မွေးမြူလျက်ရှိသည့် အခြေအနေနှင့် ဝါတရာ၊ ရှောက်ပင်၊ ရှားပြား၊ မြောက်မြေခြား ကျေးရွာ(၄)ရွာ အတွက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာသို့ သွားရောက် ကာ နေဗီယာ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း ဖွဲ့စည်းလျက် နွားကောင်ရေ ၁၀၈ ကောင် မွေးမြူနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။

ယခုကျေးရွာများအပြင် သမဝါယမစနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများတွင် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ

(5-6-2023) Information Sheet (Russia Version)


ထုတ်ဝေသူ: Information Sheet/ June 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 42

ဘာသာစကား: Russia

Download

(5-6-2023) Information Sheet (Chinese Version)


ထုတ်ဝေသူ: Information Sheet/ June 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 42

ဘာသာစကား: Chinese

Download

(5-6-2023) Information Sheet (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ June 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 42

ဘာသာစကား: Myanmar

Download

ကြေငြာချက်များ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၃)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on June 08, 2023

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၃)

ဗီဒီယိုများ