ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော် ၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 16, 2022
image_latest


နေပြည်တော်  ဇန်နဝါရီ ၁၆

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ  Conference Room ၌ ရုပ်သံလိုင်း များမှ  သတင်းဖတ်ကြားသူများ၊ သတင်းအယ်ဒီတာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မီဒီယာကဏ္ဍသည် အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင် အရေးကြီးပါကြောင်း၊  ခေတ်နှင့်လျော်ညီသော၊ နုပျိုသစ် လွင်သော စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းများ စီစဉ်ထုတ်လွှင့်နိုင်ရေးအတွက် MRTV News Channel ကို တိုးချဲ့စမ်းသပ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ နုပျိုသစ်လွင်သည့် တင်ဆက်မှုများကို အများပြည်သူ့ ဝန်ဆောင်မှုမီဒီယာပုံစံဖြင့် ပြည်သူ့အတွက် ဦးစားပေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ပြည်သူများ၏ အခန်း ကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေး၊ ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအတွက်  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ ညွှန်ကြားရေးမှူး (ရုပ်မြင်) ဒေါ်မိုးသူဇာအောင်က လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် တည်ဆောက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး   ပြည်ထောင်စုဝန်ကြီးက   လိုအပ်သည်များ မှာကြားခဲ့သည်။

 (သတင်းစဉ်)

သတင်းစာများ

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပမည့်ရက် ကြေညာခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on March 29, 2024

(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများရောင်းချသွားမည်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 29, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023