ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ကျန်းမာရေးစစ်ဆေးမှုခံယူနေသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ကျန်းမာရေးစစ်ဆေးမှုခံယူနေသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 08, 2023


ဘားအံ - ဒီဇင်ဘာ (၈)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ ပြည်နယ်အတွင်း မြို့နယ်များရှိ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးနေမှုအား ကြည့်ရှုအားပေး၍ ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ အမိတာရာမရဲကျောင်းဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော ထောရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)မှ သမားတော်ကြီးများ၊အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီး များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးနေမှုအား ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက စစ်ဆေးရရှိသောအဖြေများအရ လိုအပ်သောစစ်ဆေးမှုများ၊ ကုသမှုများ ဆက်လက်ဆောင်ရွက်ပေး နိုင်ရန်နှင့် လိုအပ်ပါကအထက်အဆင့်သို့ ညွှန်းပို့ပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

အလားတူ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည်။

ပဒေသာကပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပဒေသာကပွဲကို ပြည်သူများစိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပဒေသာကပွဲတွင် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ငြိမ်းချမ်းတဲ့မြန်မာပြည်၊ သွေးချင်းတို့ရဲ့ဌာနေ၊ အလှကမ္ဘာမြေ၊ ပင်လုံသက်သေချစ်သော မြေ၊ လတ်တီး တေးသီချင်းများဖြင့် တေးသရုပ်ဖော်သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်း၊ ရှမ်း ယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအကအလှများဖြင့်လည်းကောင်း၊ Unpluagged တီးဝိုင်းနှင့်တွဲဖက်၍ တေးသံရှင် ဇင်ကြီး၊ ကရင်တေးသံရှင် လုံးမာန်၊ ဖော့ဆိုခန့်နှင့် အဖွဲ့တို့က နှစ်သက်ရာတေးသီးချင်းများဖြင့်လည်းကောင်း ပျော်ရွှင်စွာသီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။

ထိုသို့ဖျော်ဖြေတင်ဆက်မှုများကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

ကြေငြာချက်များ