၂၀၂၃ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 07, 2023
image_latest


နန်နင်း ဇွန် ၆

၂၀၂၃ ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (2023 ASEAN Partners Media Cooperation Forum)ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့ Li Yuan Grand Metro Park Hotel ရှိ International Convention Center တွင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနမြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ရှေးဦးစွာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးနှင့်ပြည်သူ့ရေးရာဌာန ဒုတိယဝန်ကြီးနှင့် တရုတ်မီဒီယာအုပ်စု (China Media  Group- CMG) ဥက္ကဋ္ဌ မစ္စတာ ရှင်ဟိုင်ရှုံ ကတက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲများအား တွေ့ဆုံနှုတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် အာဆီယံ မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ကျင်းပရာ တရုတ်နိုင်ငံ ပြန်ကြားရေးနှင့်ပြည်သူ့ရေးရာဌာန ဒုတိယဝန်ကြီး မစ္စတာရှင်ဟိုင်ရှုံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့်ကွမ်ရှီး ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌမစ္စတာလျူနင်တို့က တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် မစ္စတာဝစ္စနူးကီရာနမ်နှင့် ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာခရူးခန်ဟာရစ်တို့က Online ဖြင့် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။

ဆက်လက်၍ အာဆီယံ- တရုတ် မီဒီယာဌာန (ASEAN - China Media Complex) ၏ AI Studio စတင်ဖွင့်လှစ်ခြင်း၊ CMG ၏ Ethereal Sound App တွင် အာဆီယံဇုန်စတင်ဖွင့်လှစ်ခြင်း၊ အာဆီယံဒေသတွင်း တရုတ်ယဉ်ကျေးမှုဒစ်ဂျစ်တယ်ပုံရိပ် ဆိုင်ရာပြပွဲဖွင့်ပွဲနှင့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို အာဆီယံမီဒီယာမိတ်ဖက်အဖွဲ့အစည်းများက လေ့လာခြင်းအစီအစဉ် စတင်ခြင်းအခမ်းအနားများကို တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများမှ အကြီးအကဲများကစက်ခလုတ်နှိပ်ဖွင့်လှစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင် ပါဝင်ဆောင်ရွက်သည်။

ယင်းနောက် ဖိုရမ်ကို ဆက်လက်ကျင်းပရာ တရုတ်-အာဆီယံစင်တာ အထွေထွေ အတွင်းရေးမှူး မစ္စတာရှီကျုန်း ကျွမ်၊ လာအိုသတင်းစဉ်မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာခမ်ဖွီဖီလာဖာ၊ ကွမ်ရှီးရုပ်သံဥက္ကဋ္ဌနှင့်ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမစ္စတာဖန်ရီ၊ ထိုင်းနိုင်ငံနေးရှင်းအုပ်စုမှ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအာဒီ ဆက်လင်ပရွန် ပါတာနာကစ်၊ အင်ဒိုနီးရှားနိုင်ငံရေဒီယို အယ်လ်ရှင်တာမှ အယ်ဒီတာချုပ်ဟာရို ရီစတာမာဂျီတို့နှင့်အတူ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်တို့က အသီးသီးမိန့်ခွန်း ပြောကြားကြသည်။

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင်အာဆီယံမိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအလေးထားပြီး အိမ်နီးချင်းကောင်းပီပီ အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်လေးစားမှု၊ သာတူညီမျှရှိမှုနှင့်အပြန်အလှန်အကျိုးရှိမှုတို့အပေါ် အခြေခံပြီးပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကဲ့သို့အိမ်နီးချင်းနိုင်ငံများအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ အခြားဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ပြီး မီဒီယာကဏ္ဍအပြင် အခြားကဏ္ဍစုံတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အာဆီယံ မိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုနှစ် အခမ်းအနားကို တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း နှစ် (၂၀) ပြည့်အထိမ်းအမှတ် နှင့် ၂၀၂၃ ခုနှစ် Belt and Road Initiative ၏ (၁၀) နှစ် ပြည့် အထိမ်းအမှတ်နေ့များကိုရည်ရွယ်ပြီး တရုတ်နိုင်ငံကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် နန်နင်းမြို့၌ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023