မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 02, 2024


   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီးရှိ တံတားအမှတ် ၄/၁၃၆ အား ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၃ နာရီခွဲတွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
    အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၅ မိုင် ၇ ဖာလုံနှင့် ၁၃၆ မိုင်ကြားရှိ (အရှည် ၃၇ ပေ၊ အကျယ် ၄၈ ပေ) သံကူကွန်ကရစ် တံတားတစ်စင်း ကျိုးကျပျက်စီးခဲ့ကာ တံတားအနီးနေထိုင်သည့် ကိုပြည့်ဖြိုးအောင် (၂၈)နှစ်၏ နေအိမ်အား မိုင်းပေါက်ကွဲစများ ထိမှန်ခဲ့သဖြင့် သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်နေအိမ်၏ အမိုး၊ အကာများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသော တံတားအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သူများကို အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သထုံမြို့နယ်၌ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် သံကူကွန်ကရစ်တံတားတစ်စင်းနှင့် လူနေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးမှုမှတ်တမ်းဓာတ်ပုံ။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

ကြေငြာချက်များ