ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 08, 2023
image_latest


နေပြည်တော် ဇွန် ၈

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ယနေ့တွင် ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “သစ်တောနှင့် သစ်ပင် ချစ်ခင်သည့်လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး” ဟူသည့် ဆောင်ပုဒ်အတိုင်း သစ်တောများနှင့်သစ်ပင်များကို အမြတ်တနိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုဆိုပါက ဆယ်စုနှစ်တစ်ခုကိုကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရေး ယခုကဲ့သို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။

ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ၍ မိုးရာသီသစ်ပင်စိုက်ပွဲများပြုလုပ်၍ စိုက်ပျိုးခဲ့ကြရာတွင် အပင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေတစ်သိန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း၊ တပ်မတော်တစ်ရပ်လုံးအနေဖြင့်ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၂ အထိ စုစုပေါင်း သစ်ပင် ၂၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သိန်းကျော် ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝသယံဇာတများစွာကို ပိုင်ဆိုင်ထားရှိပြီး စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေသည်အဓိက အရေးကြီးကြောင်း၊ “ဥတုရာသီ တောကိုမှီ” ဟူသည့်အတိုင်း သစ်တောသစ်ပင်များသည် ရာသီဥတုကိုကောင်းစေပြီး ရေကိုလည်း ထိန်းပေးနိုင်ကြောင်း၊ ထို့ကြောင့် သစ်ပင်များ စိုက်ပျိုးရာတွင် ရှင်သန်အောင်စိုက်ပျိုးရန်နှင့် ရေရှည်ကြီးထွားစေရေး ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း။

၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ သစ်တောဖုံးလွှမ်းမှုပမာဏသည် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရပြီး တဖြည်းဖြည်း ရာခိုင်နှုန်းကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရကြောင်း၊ သစ်ပင်သစ်တောများပြုန်းတီးလာခြင်းကြောင့် ရာသီဥတုဖောက်ပြန်မှုများကိုလည်း ကြုံတွေခဲ့ကြရကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်များကိုလည်း ခေတ်အဆက်ဆက်တွင် ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ အသေအပျောက်များနှင့် အပျက်အစီးများစွာကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ဟူသည်မှာ တားဆီး၍ရနိုင်သည်မဟုတ်သော်လည်း ထိခိုက်ပျက်စီးမှုနည်းအောင် လုပ်နိုင်သည့်နည်းလမ်းများရှိပြီး ယင်းအနက် သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးအချက်အနေဖြင့် ပါဝင်နေသည်ကို သတိပြုမိစေလိုကြောင်း။

နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် အရိပ်အာဝါသနှင့် လုံခြုံမှုကို ပေးစွမ်းကြမည်ဖြစ်

သစ်တောတစ်ခုကို ဖန်တီးမည်ဆိုပါက အနည်းဆုံးဆယ်နှစ်နှင့်အထက် ကြာမြင့်မည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် အရိပ်အာဝါသနှင့်လုံခြုံမှုကို ပေးစွမ်းကြမည်ဖြစ်ကြောင်း၊ ရှေးဘိုးဘွားဘီဘင်များ စိုက်ပျိုးခဲ့ကြသဖြင့် မိမိတို့ ယခုကဲ့သို့ စိမ်းလန်းသာယာစိုပြေသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုတွင် နေထိုင်နိုင်ကြသည်ကို ဆင်ခြင်သတိပြုမိကြရန်လိုကြောင်း၊ အလားတူ ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့်လည်း အချို့နေရာများ၌ ရာသီဥတု ဆိုးရွာမှုများကို ကြုံနေကြရသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေများကို ဖန်တီးနေသည်မှာ မိမိတို့လူသားများပင်ဖြစ်သဖြင့် မိမိတို့တစ်ဦးချင်း သစ်တောသစ်ပင်များကို ထိန်းသိမ်းရန်နှင့် မိမိတို့စိုက်ပျိုးသည့် သစ်ပင်များကို ရှင်သန်အောင်ဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။

နေပြည်တော်မြို့ကြီးကို Green City အဖြစ် အစဉ်အမြဲ လှပနေစေရေး စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးလုပ်ငန်းများကို မြို့တည်ထောင်ပြီးချိန်မှ ယနေ့တိုင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်မြို့ပြ စတင်တည်ထောင်ချိန်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပန်းမန်များနှင့် အရိပ်ရပင်များကိုထိန်းသိမ်းမှုကြောင့် ရှင်သန်နေသည့် သစ်တောများသည် ယနေ့တွင် မြင်ရသူအပေါင်းကို စိတ်နှလုံးအေးချမ်းအောင် ဖန်တီးနိုင်ခဲ့သည်ကို တွေ့ရမည်ပင်ဖြစ်ကြောင်း၊ မြို့တစ်မြို့ကို စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ခြင်းမှ နိုင်ငံတစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတကျအောင် နေနိုင်မည်ဖြစ်ပြီး မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များကို ကျော်လွှားနိုင်မည်လည်းဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း။

သစ်ပင်စိုက်ပျိုးပွဲများကို အချိန်၊ ငွေကြေး၊ လုပ်အား စသည့်အရင်းအနှီးများ ကုန်ကျခံ၍ ပြုလုပ်နေခြင်းသည် မိမိတို့တိုင်းပြည်အတွက်ပင်ဖြစ်ပြီး အမျိုးသားရေး ကိစ္စရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ကို နားလည်မှုအပြည့်ဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးနှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၉,၁၈၉ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃၅၂၈ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၆ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၉,၁၈၉ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၀,၃၉၈ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁,၄၇၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄,၉၈၆ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၉,၁၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၂၂၅ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၂၃,၈၃၅ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၈၇၅ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၃,၆၉၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၁၂၁ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၆,၇၁၀ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၈,၉၀၆ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၆,၂၈၉ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၈,၇၆၁ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၇,၈၈၀ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၆,၉၈၂ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၀,၃၉၈ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၂၇၁၄ ခု

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download