တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်
တစ်နိုင်ငံလုံးရှိ ခုတင် (၅၀) ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 02, 2023

နေပြည်တော် အောက်တိုဘာ ၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့် အတူယနေ့ မွန်းလွဲပိုင်းက ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး (ပြင်ဦးလွင်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများကို ယခင်ထက် ပိုမိုဝယ်ယူထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအတွက် ပြည်သူလူထုစိုက်ထုတ် သုံးစွဲငွေ (out of pocket expen-diture) သက်သာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကိုလည်း စနစ်တကျဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ခုတင်(၅၀)ဆံ့ဆေးရုံအဆင့်မှစ၍ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများ၊ အထူးကုဘာသာရပ်ဆိုင်ရာ ဆေးကုသမှုလုပ်ငန်းများကို တိုးချဲ့အဆင့်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်ကျန်းမာရေး လူ့စွမ်းအားအရင်းမြစ်များကို အရှိန်အဟုန်မြှင့်ကာ မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ကြေးများ၊ ဝတ်စုံစရိတ်၊ ပညာရှင်ကြေးများထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက် ပိုမိုစနစ်တကျတိုးတက်စေရေး ဆေးနှင့်ဆေးပစ္စည်း၊ လူအင်အား၊ ဘဏ္ဍာငွေတို့ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး၊ အလေအလွင့်မရှိစေရေး အားလုံးကြိုးပမ်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများက မိမိတို့သက်ဆိုင်ရာ အထူးကုဘာသာရပ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဖြည့်စွက်ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးသိုလှောင်ခန်းတွင် ဆေးများ စနစ်တကျသိုလှောင်ထားရှိမှု၊ Medical Resort Center ပြင်ဆင်ထားရှိမှု၊ ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ခွဲစိတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၂၅၇၈ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
Information Sheet (4-12-2023) / Burmese (Myanmar Version)
ထုတ်ဝေသူ: Information Sheet/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 38
ဘာသာစကား: Burmese (Myanmar Version)
Download
Information Sheet (4-12-2023) / English Version
ထုတ်ဝေသူ: Information Sheet/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 38
ဘာသာစကား: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download