တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်း‌ဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ ရန်ကုန် စက်တင်ဘာ ၂၄


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ ရန်ကုန် / September 25, 2023
image_latest


  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ ဇိုမီး(ချင်း)၊ ဥပ်ပူး(ချင်း)၊ မွန်၊  ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ စသည့် တိုင်းရင်းသားစာပေနှင့်ယဉ်‌ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် တွေ့ဆုံခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများ၊ အဆိုပါ သက်ရောက်မှုအပေါ် တိုင်းရင်းသားများကစည်းလုံးညီညွတ်စွာဖြင့် အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ဆောင်ရွက်သွားရန်၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ကြရန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် ဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံ တင်နိုင်ရေး၊ လာမည့်(၁၅.၁၀.၂၀၂၃)ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးသည့် (၈)နှစ်ပြည့် အခမ်းအနားအား နေပြည်တော်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားပါသည်။

  ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့် တိုင်းရင်းသားရေးရာ ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်နှင့်ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။


သတင်းစာများ - ၂၅၇၀ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: English Version

Download