နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကျဆုံးသောရန်သူနှစ်ရပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 21, 2023
image_latest


ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခေတ်မီစက်မှုနိုင်ငံအဖြစ် ထူထောင်ရန်ကြိုးပမ်းမှုများ အောင်မြင်မှုမရရှိစေရန် အဓိကအဟန့်အတားနှစ်ရပ်ရှိသည်။ ၎င်းအဟန့်အတားနှစ်ရပ်တို့ ထုထည်ပမာဏကြီးမားစွာ ရှိနေသရွေ့၊ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းမှု မပြုလုပ်နိုင်သရွေ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်ဆိုသည်မှာ မဖြစ်နိုင်လောက်အောင်ပင် ခဲယဉ်းမည်ဖြစ်သည်။ အဂတိလိုက်စားမှုနှင့် တရားမဝင်ကုန်သွယ်မှု တို့သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန်ပိတ်ဆို့ ဟန့်တားလျက်ရှိသည့် မြေပေါ်ရန်သူများဟုဆိုနိုင်ပြီး ထိထိရောက်ရောက်တိုက်ဖျက်သွားရန် လိုအပ်လျက်ရှိသည်။

အဂတိလိုက်စားမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး နိုင်ငံရေးရာထူးနယ်ပယ်နှင့် အဆင့်မြင့်ရာထူးနယ်ပယ်များတွင် အများဆုံးတွေ့ရသည်ဟုဆိုသည်။ အဂတိလိုက်စားမှုဟုဆိုရာတွင် လာဘ်ပေးလာဘ်ယူပြုခြင်း၊ အကျင့်ပျက်ခြစား (အလွဲသုံးစားပြု) ခြင်း၊ ဩဇာအာဏာကိုသုံးစွဲ၍ မလျော်ဆောင်ရွက်ခြင်း၊ တာဝန်ကိုအလွဲသုံးစားပြုခြင်း၊ တရားမဝင်ကြွယ်ဝချမ်းသာလာခြင်း၊ ငွေကြေးခဝါချခြင်း၊ ဆိုခဲ့ပါပြစ်မှု များနှင့်ဆက်နွှယ်၍ ဖုံးကွယ်ခြင်း၊ တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်းတို့ပါဝင်သည်။

ယေဘုယျအားဖြင့် “အဂတိလိုက်စားမှုဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူဆိုင်ရာ လုပ်ငန်းဌာနကို အသုံးချခြင်း ဟူ၍ ကမ္ဘာ့ဘဏ်က ဖွင့်ဆိုထားသည်။

အဂတိလိုက်စားမှုများက ဌာနအသီးသီးတို့၏ စွမ်းဆောင်ရည်တို့ကို ဆုတ်ယုတ်ကျဆင်းစေပြီး ရည်မှန်းချက်တာဝန်များ မပြီးမြောက်ခြင်း၊ မအောင်မြင်ခြင်းတို့ကိုဖြစ်ပေါ်စေသည်။ နိုင်ငံ၏သဘာဝသယံဇာတများ အလဟဿဆုံးရှုံးခြင်း၊ ရသင့်ရထိုက်သော အခွန်အခများမရရှိခြင်း၊ သဘာဝပတ်ဝန်းကျင်များပျက်စီးခြင်း၊ နိုင်ငံသားတို့၏ရပိုင်ခွင့်အခွင့်အရေးများဆုံးရှုံးခြင်း၊ တရားဥပဒေစိုးမိုးမှုလျော့နည်းကျဆင်းခြင်း၊ နိုင်ငံ၏အခြေခံအဆောက်အအုံများဖွံ့ဖြိုးမှုမရှိခြင်း၊ ကျန်းမာရေးနှင့် ပညာရေးအဆင့်အတန်းများနိမ့်ကျခြင်း၊ ကုန်ထုတ်လုပ်မှုများကျဆင်းခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများတွင် စာရိတ္တမဏ္ဍိုင်များပျက်စီးခြင်း၊ အကျင့်ပျက်လူ့အဖွဲ့အစည်း အသွင်ဖြစ်ပေါ်လာခြင်းနှင့် အစိုးရအပေါ် ပြည်သူလူထု၏ယုံကြည်ကိုးစားမှု ကင်းမဲ့လာကာ ဆန့်ကျင်မှုဖြစ်ပေါ်လာခြင်း စသည့်အကျိုးဆက်များစွာတို့မှာ အဂတိလိုက်စားမှုများကြီးထွားနေမှုနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာနေမည်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၏ ဒုတိယမြောက်ရန်သူမှာ တရားမဝင်ကုန်သွယ်မှုဖြစ်သည်။ တရားဝင်ပေးသွင်းရမည့် အခွန်အခများကိုရှောင်လိုခြင်း၊ တားမြစ်ထားသည့်ကုန်စည်များ၊ ကုန်ပစ္စည်းအတု၊ အရည်အသွေးမပြည့်မီသည့်ကုန်ပစ္စည်းများကို တင်သွင်းလိုခြင်း စသည်တို့ကြောင့် တရားမဝင်ကုန်သွယ်မှုပြုကြခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့်ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်စနစ်ဟူသော အခြေခံအကြောင်းရင်းများလည်းပါသည်ဟုဆိုသည်။ မိမိတို့နိုင်ငံတွင် တရားမဝင်ကုန်သွယ်မှုပမာဏမှာလည်း လွန်စွာကြီးမားလျက်ရှိပြီး တရားဝင်ကုန်သွယ်မှုထက်ပင် များစွာပိုမိုနေသည်ဟု သိရသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ကူးသန်းရောင်းဝယ်မှုများကို ထိခိုက်စေသကဲ့သို့ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို လည်း ဆုံးရှုံးနစ်နာစေသည်။ နိုင်ငံတော်၏ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံးရသလို ပြည်သူလူထုအတွက်လည်း အရည်အသွေးညံ့ဖျင်းသောကုန်ပစ္စည်းများ၊ ကုန်ပစ္စည်းအတု၊ စားသောက်ကုန်အတု၊ ဆေးဝါးအတုနှင့် စားသုံးရန်မသင့်သော၊ သက်တမ်းလွန်နေသော၊ အန္တရာယ်ဖြစ်ပေါ်နိုင်သောစားသောက်ကုန်များကြောင့် အန္တရာယ်များဖြစ်ပေါ်နိုင်သည်။ အကောက်ခွန်မဲ့ဝင်ရောက်လာသည့်ကုန်များကြောင့် ပြည်တွင်းကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ရေရှည်တွင်မရပ်တည်နိုင်တော့ဘဲ လုပ်ငန်းပျက်စီးခြင်းနှင့်အတူ အလုပ်အကိုင်များလည်း ဆုံးရှုံးကြရသည်။

အဂတိလိုက်စားမှုနှင့် တရားမဝင်ကုန်သွယ်မှုတို့ကို တိုက်ဖျက်ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီစက်မှု နိုင်ငံတည်ဆောက်နိုင်ရေးတို့အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ရာ နိုင်ငံတော်ကအလေးအနက် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။

သတင်းစာများ - ၂၅၇၀ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: English Version

Download