ပြည်ပဆွေးနွေးပွဲနှင့် သင်တန်းအတွေ့အကြုံများ နှီးနှောဖလှယ်ပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 21, 2023
image_latest


နေပြည်တော် စက်တင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပဆွေးနွေးပွဲနှင့် သင်တန်းအတွေ့အကြုံများ နှီးနှောဖလှယ်ရေး အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ ဒုတိယဝန်ကြီးကတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို မျှဝေခြင်းသည် မိမိလုပ်ငန်းနှင့် မိမိပတ်ဝန်းကျင် တိုးတက်ရေးကို အကျိုးပြုနိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ အပြန်အလှန် မေးမြန်းဖြေကြားချက်၊ သုံးသပ်ချက်၊ ဆွေးနွေးချက်များသည် ပိုမိုခိုင်မာသော အချက်အလက်များကို ဖော်ထုတ်ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ရဲထွဋ်အောင်က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ တက်ရောက်ခဲ့သည့် ၂၀၂၂ ခုနှစ် အရှေ့တောင်အာရှ တစ်ခုတည်းသော ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များကွန်ရက်၏ အပြည်ပြည်ဆိုင်ရာညီလာခံ၊ မိတ်ဖက်အစည်းအဝေး၊ အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးများ၏ အတွေ့အကြုံများနှင့် ဆွေးနွေးချက်များကို လည်းကောင်း၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ရဲထွဋ်အောင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်သူတို့က ၂၀၂၂ခုနှစ် အောက်တိုဘာ ၁၈ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် တိရစ္ဆာန်ဆေးပညာသင်ကျောင်းများ အသိအမှတ်ပြုခံနိုင်ရေးဆိုင်ရာ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများနှင့် ဆွေးနွေးချက်များကိုလည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကျော်သန့်စင်က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်မှ ၁၃ ရက်အထိ မလေးရှားနိုင်ငံ Kuala Teteng-ganu မြို့၌ ဖွင့်လှစ်ခဲ့သည့် “သန္တာကျောက်တန်းအတု ဖန်တီးပြုလုပ်ခြင်းဆိုင်ရာ ဒေသတွင်းသင်တန်း တက်ရောက်ခဲ့မှုနှင့် သင်တန်းတွင် လေ့လာခဲ့ရသည့် နည်းပညာရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၅၇၀ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: English Version

Download