ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများကို အဓိက ဦးစားပေးကူညီထောက်ပံ့ပေးသွားမည်၊ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ သွင်းအားစု၊ နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးဆောင်ရွက်သွားကြရန်လို


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 08, 2023
image_latest


စစ်တွေ ဇွန် ၇

စစ်တွေမြို့၌ ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုပြီး မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ရှိ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ ရောက်ရှိကြပြီးသင်တန်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံ၍ မိမိတို့ သင်ကြားရသည့် ဘာသာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင်လည်း ဝါသနာ၊ စေတနာအရင်းခံပြီး ကြင်ကြင်နာနာ ကုသပေးကြစေလိုကြောင်း၊ နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် အားကိုးအားထားပြုရသည့်သူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း မှာကြားသည်။

ချီးမြှင့်ငွေများ ပေးအပ်

ထို့နောက် စာသင်ဆောင်၊ ထမင်းစားဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတို့ကို ကြည့်ရှု စစ်ဆေးကာ သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်ပျားလည် ချောင်းကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှင်းလင်းပြောကြား

အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က အမှာစကားပြောကြားကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်း၊ စပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက ပျားလည်ချောင်းကျေးရွာ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ်သည့် ဆင်းသွယ်လတ် စပါးမျိုးစေ့နှင့် GW-11 စပါးမျိုးစေ့ အိတ်များကို ထောက်ပံ့ပေးအပ်ပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက ပျားလည်ချောင်းကျေးရွာ မိုးစပါးစံပြစိုက်ကွက်များတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအတွက် ပေးပို့ထားသည့် နယူးဟော်လန်ထွန်စက်များဖြင့် သရုပ်ပြထွန်ယက်နေမှုကို ကြည့်ရှုအားပေးသည်။

တက်ရောက်

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်ရွာသစ်ကေကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်း၊ စပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက ရွာသစ်ကေကျေးရွာရှိ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲက ထုတ်လုပ်သည့် ဆင်းသွယ်လတ်စပါးမျိုးစေ့၊ GW-11 စပါးမျိုးစေ့အိတ်များနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ပြီး ရွာသစ်ကေကျေးရွာ မိုးစပါး စံပြစိုက်ကွက်များတွင် နယူးဟော်လန် ထွန်စက်များဖြင့် သရုပ်ပြထွန်ယက်နေမှုကို ကြည့်ရှုအားပေးသည်။

အားသွန်ခွန်စိုက် ဆောင်ရွက်

အဆိုပါ အခမ်းအနားများတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးအပိုင်းတွင် ရာသီချိန်အမီ ထွန်ယက်စိုက်ပျိုး နိုင်ရေးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထွန်စက်များဖြင့် ကူညီထွန်ယက်ပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများ ဖြန့်ဝေထောက်ပံ့ပေးခြင်း၊ ရေငန်တားတာများ ပြုပြင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများကို အဓိကဦးစားပေး ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ပန်းတိုင် အထွက်နှုန်း ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ သွင်းအားစု၊ နည်းစနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးဆောင်ရွက် သွားကြရန်လိုကြောင်း၊ အားလုံးပူးပေါင်းပါဝင်သည့် လက်လှမ်းမီ သီးနှံပုံစံ သုတေသနလုပ်ငန်းများ ကိုလည်း တစ်ပါတည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယခင်အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မိုခါ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ကူညီထွန်ယက်ပေးရန် ဇွန် ၃ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနမှ ပေးပို့သည့် နယူးဟော်လန်ထွန်စက် ၃၃ စီး စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်၌ ယခင်ထွန်စက် ၄၇ စီး ရှိပြီးဖြစ်သဖြင့် စုစုပေါင်း ထွန်စက်အစီး ၈၀ ဖြင့် ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် ကူညီထွန်ယက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း သမဝါယမစနစ်ဖြင့် မိုးစပါး ဧက ၁၀၀၀၀ စိုက်ပျိုးသွားမည် ဖြစ်သည်။

ကျောင်းများအားလုံး ဖွင့်လှစ်နိုင်

ရခိုင်ပြည်နယ်အတွင်း ဇွန် ၁ ရက်က ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခဲ့ပြီး အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ပညာသင်ကြားနေမှုအနေဖြင့် ဇွန် ၆ ရက်အထိ အထက်တန်း အဆင့်၌ ၃၁၂၆၇၆ ဦး၊ အလယ် တန်းအဆင့်၌ ၁၀၀၈၁၅ ဦးနှင့် မူလတန်းအဆင့်၌ ၅၁၇၁၉ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၄၆၅၂၁၀ ကျောင်းအပ်နှံသင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၂၄၆၀ ခု

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 29, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 28, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download