မြန်မာငွေငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်
မြန်မာငွေငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 01, 2023

နေပြည်တော် စက်တင်ဘာ ၃၀
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာ ကျပ်တန်ငွေစက္ကူများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လာရောက်အပ်နှံကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အမိန့်စာတစ်စောင်ထုတ်ပြန်ထားကြောင်း ပျံ့နှံ့လျက်ရှိရာ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာငွေ ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ် တန်ငွေစက္ကူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလို ပြန်လည်ပြောကြား ပါသည်။
ကျွန်တော်တို့လည်း ဒီစာကိုတွေ့ရတယ်။ နံပါတ် ၁ အချက်ပြောလိုတာက ဒီစာများသည် မမှန်ပါဘူး။ အတုများဖြစ်ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ ခဏခဏ ကောလာဟလထွက်ဖူးပါတယ်။ ဘယ်ငွေစက္ကူကို ဖျက်သိမ်းလိုက်ပြီတို့၊ ဘယ်လိုမျိုးလုပ်လိုက် ပြီတို့ ဒါအချိန်ကိုက် လုပ်ဆောင်တာပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းပြီးသား၊ ကျွန်တော်တို့လည်း ပြောပြီးသားဖြစ်တယ်။ ကျွန်တော်တို့သည် နိုင်ငံတော်တာဝန်ကို ရယူထားတာ၊ တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထားတာသည် အခြေခံဥပဒေအရ ရယူထားတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်ကို တပ်မတော်အနေနဲ့ အမြဲတမ်းလေးစားလိုက်နာသွားမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၃၆ တွင် အတိအလင်းပါပြီး ဖြစ်တယ်။ ပုဒ်မ ၃၆ (ဃ) နဲ့ (င)မှာပါပြီးဖြစ်တယ်။ ပုဒ်မ ၃၆ (င) မှာ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလို့ အတိအလင်းပြဋ္ဌာန်းပြီးဖြစ်တယ်။ (ဃ) မှာလည်း စီးပွားရေးဆိုင်ရာ နိုင်ငံပိုင်လုပ်ငန်းများကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းမပြုလို့ အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်တယ်။ ဒီအခြေခံဥပဒေအတိုင်း ကျွန်တော်တို့က လိုက်နာသွားမှာဖြစ်တယ်။
ကျွန်တော်တို့သည် အခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန် ရယူထားတာဖြစ်တယ်။ အခြေခံဥပဒေကိုအမြဲတမ်းလိုက်နာသွားမှာဖြစ်တယ်ဆိုတာကို ပထမဦးဆုံး အသိပေးလိုပါတယ်။ နောက်တစ်ချက်က ဘာကြောင့်ဒီလိုမျိုး ကောလာဟလတွေဖြစ်လဲ။ ဒါတော့ ရှင်းရှင်းလေးပါ။ ဒီမြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီးရင် စီးပွားရေးအရ ထိုးနှက်ချက်တွေရှိတယ်။ ဒေါ်လာငွေဈေး၊ ရွှေဈေးတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်သင့်တဲ့ဈေးနှုန်းထက်မြင့်အောင် လုပ်နေကြတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က ပြည်သူလူထုရဲ့စားဝတ်နေရေး၊ ပြည်သူလူထုရဲ့သက်သာချောင်ချိရေး၊ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းရေး အမြဲတမ်းဆောင်ရွက်တာ၊ အမျိုးသားရေးရည်မှန်းချက်အနေနဲ့ ထားရှိပြီးတော့ ဒါကိုဆောင်ရွက်လျက်ရှိတယ်။ တိုင်းပြည်သာယာဝဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေး ဒီအတွက်ဆောင်ရွက်တဲ့နေရာမှာ သင့်တင့်တဲ့ကုန်ဈေးနှုန်း၊ ဖြစ်သင့်တဲ့ကုန်ဈေးနှုန်းတွေဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ တချို့သောအရေးယူ ဆောင်ရွက်ရမှုတွေရှိတယ်။ အရေးယူဆောင်ရွက်ပြီး တဲ့နောက်ပိုင်းမှာ အားလုံးမြင်တဲ့အတိုင်းပဲ ဒေါ်လာဈေး၊ ရွှေဈေး၊ ပြီးရင်အခြေခံစားကုန်ဈေးတွေ ကျဆင်းလာတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့သူတွေလည်းရှိတယ်။ ဒီမကျေနပ်တဲ့လူတွေက စီးပွားရေးအရ ထိုးနှက်ဖို့၊ နိုင်ငံရေး အရ ထိုးနှက်ဖို့ကို အချိန်ကိုက်လုပ်ဆောင်တာပဲ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ ပြောချင်တာက ငါးဆယ်တန်၊ တစ်ရာတန် ဒီငွေကြေးတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ဖျက်သိမ်းဖို့မရှိပါဘူး။ အခြေခံဥပဒေပုဒ်မ ၃၆ မှာပါတဲ့ နိုင်ငံတော်ရဲ့ တရားဝင်ငွေကြေးတွေကို တရားမဝင်အဖြစ် သတ်မှတ်ခြင်းမပြုဟုဆိုတဲ့အတိုင်း ဆောင်ရွက်လျက်ရှိတယ်။ ကောလာဟလတွေပဲ ဖြစ်ပါတယ်။
မိဘပြည်သူများအနေနဲ့ အားလုံးဒီကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး မယုံကြည်ကြဖို့ ပြီးရင်နိုင်ငံတော်အနေနဲ့ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ မည်သည့်လုပ်ငန်းကိုပဲလုပ်သည်ဖြစ်စေ ပြည်သူလူထုကို ကြိုတင်အသိပေးပြီးမှ ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။ အခြေခံဥပဒေအတိုင်း လိုက်နာလျက်ရှိပါတယ်ဆိုတာကို ပြောချင်ပါတယ်။
သတင်းစာများ - ၂၅၇၀ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
Information Sheet (29-11-2023) / Burmese (Myanmar Version)
ထုတ်ဝေသူ: Information Sheet/ November 30, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 26
ဘာသာစကား: Burmese (Myanmar Version)
Download