မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 21, 2023
image_latest


ရန်ကုန် စက်တင်ဘာ ၂၀

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဝင်းအတွင်း၌ အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော ဝူရှူးအားကစားသမားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် စံချိန်စံညွှန်းကောင်းမွန်ပြီး အရည်အသွေး အရည်အချင်းပြည့်ဝစွာဖြင့် ယှဉ်ပြိုင်သွားရန်၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည့်အတွက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကို အစွမ်းကုန် ကြိုးစားစေလိုကြောင်း၊ အာရှအဆင့် ဖြစ်သည့်အတွက် ပြိုင်ဘက်ကောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်၍ အတွေ့အကြုံကောင်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ အောင်မြင်မှုရရှိပါက နိုင်ငံတော်မှထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်သည့်အတွက် အစွမ်းကုန် ကြိုးစားသွားကြရန် အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းယားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသော ပြိုင်ပွဲဝင်အားကစားသမားများကိုတွေ့ဆုံ၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲများသည် မြန်မာနိုင်ငံအနေဖြင့် အမြဲဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲများဖြစ်ကြောင်း၊ ယခုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲတွင်လည်း ယခင်ကရရှိခဲ့သည့် အောင်မြင်မှုများကဲ့သို့ရရှိအောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ အနေဖြင့် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ E-Sports အားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်

သတင်းစာများ - ၂၅၇၀ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: English Version

Download