သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၂၃) ထွက်ပြီ
သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၂၃) ထွက်ပြီ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 25, 2023

နေပြည်တော် စက်တင်ဘာ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၃)စာအုပ်” ကို ပြည်သူများအသိဉာဏ် ဗဟုသုတပြည့်စုံစေရန်၊ မြန်မာလူငယ်လူရွယ်များ ပညာစွမ်းရည်ပြည့်ဝစေရန်၊ သင်တန်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် သိလိုသည့်အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ပါသည်။
စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာကောက်နုတ်ချက်များ၊ မြန်မာ့ရေးရာသိမှတ်ဖွယ်ရာများ၊ နိုင်ငံတကာရေးရာသိမှတ်ဖွယ်ရာများ၊ အထွေထွေသိမှတ်ဖွယ်ရာများ၊ နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာသိမှတ်ဖွယ်ရာများကို နောက်ဆုံးအခြေအနေအထိ ပြည့်စုံစွာ ထည့်သွင်းဖြည့်စွက်ဖော်ပြထားပါသည်။
သတင်းခေတ်၊ ပညာခေတ်တွင် လူတိုင်းသိထားသင့်သည့် အချက်အလက်များကို လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်စေရန် စုဆောင်းပြုစုထားသော စာအုပ်ဖြစ်သဖြင့် ဗဟုသုတရှာမှီးလိုသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်ပြီး အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေး အထောက်အကူပြုနိုင်မည့်စာအုပ်ဖြစ်သည်။
ယင်းစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေပြီး ဝုဖရီးစက္ကူဖြင့် တစ်အုပ်လျှင် ၁၁၀၀၀ ကျပ်၊ နယူးပရင့်စက္ကူဖြင့် တစ်အုပ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖုန်း- ၀၆၇- ၃၄၁၂၃၇၁၊ ၀၆၇-၃၄၁၂၅၅၃ နှင့် စာပေဗိမာန် အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအမှတ် (၂၂/၂၄) ပန်းဆိုးတန်းလမ်း(အောက်) ကျောက်တံတားမြို့နယ်၊ ဖုန်း ၀၁-၈၃၈၄၈၁၃၊ ၀၁- ၈၃၇၁၃၄၂၊ စာပေဗိမာန် အရောင်းဆိုင်၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများတွင်လည်းကောင်း ဝယ်ယူဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
သတင်းစဉ်
သတင်းစာများ - ၂၅၇၈ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
Information Sheet (4-12-2023) / Burmese (Myanmar Version)
ထုတ်ဝေသူ: Information Sheet/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 38
ဘာသာစကား: Burmese (Myanmar Version)
Download
Information Sheet (4-12-2023) / English Version
ထုတ်ဝေသူ: Information Sheet/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 38
ဘာသာစကား: English Version
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023
ထုတ်ဝေသည့်နေ့ : 2023
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download