အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့သောအာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်နှင့် (၂)နှစ်တစ်ကြိမ်ကျင်းပသည့်ညီလာခံတို့သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ခြင်း


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / September 25, 2023


 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းသည် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းလိုက်ပါလျက်အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသော အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် (၂)နှစ်တစ်ကြိမ်ကျင်းပသည့်ညီလာခံ (28th Annual General Meeting of Asia Pacific Forum & Biennial Conference) တို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

   စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပသော အာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် (၂)နှစ်တစ်ကြိမ်ကျင်းပသည့် ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ Smt. Droupadi Murmu တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ ယင်းနောက် အစည်းအဝေးအစီအစဉ် ပထမနေ့အဖြစ် အာရှပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ်၏ (၂၈)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေးသို့ အာရှပစိဖိတ် အမျိုးသား လူ့အခွင့် အရေးအဖွဲ့အစည်း များ ဖိုရမ်၏ အဖွဲ့ဝင် နိုင်ငံ (၂၆) နိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အိန္ဒိယ လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှကိုယ်စားလှယ်များ၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာကမ္ဘာ့အဖွဲ့ကြီးမှ ကိုယ်စားလှယ်များနှင့် အစည်း အဝေးအား လေ့လာသူများအဖြစ် တက်‌ရောက်ကြသည့် Cook Islands, Taiwan, Turkmenistan နှင့် United Arab Emirates နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၀) ဦးခန့် ပါဝင် တက်ရောက် ခဲ့ကြပါသည်။အစည်းအဝေးတွင်အာရှပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်အဖွဲ့ဝင် များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (Non-governmental Organizations, NGOs) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဖိုရမ်၏ အုပ်ချုပ်မှုနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဖိုရမ်အဖွဲ့ဝင်များအကြား ရှေ့ဆက်ဆောင်ရွက်မည့်နည်းလမ်းများနှင့် Dehli Declaration ထုတ်ပြန် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

   စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ၇၅ နှစ်မြောက် အထိမ်းအမှတ်နှင့် ပါရီအခြေခံမူများ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် 30 years of Promoting and Protecting Human Rights Across Asia and the Pacific ၊ Advancing the Universal Declaration of Human Rights and Its Promise of Equality, Freedom and Justice For All နှင့် The Role of NHRIs Responding to an Mitigating the Human Rights Impacts of Climate Change - National, Regional and International Actions ခေါင်းစဉ်များဖြင့် စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲများအပြီးတွင် Delhi Declaration ကို အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် ထိုင်းနိုင်ငံလေကြောင်းလိုင်း ဖြင့် ရန်ကုန်မြို့သို့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။ 

သတင်းစာများ - ၂၅၇၀ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


ထုတ်ဝေသူ: Information Sheet/ November 30, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 26

ဘာသာစကား: English Version

Download