၂၁-၉-၂၀၂၃ ရက်နေ့နှင့် ၂၂-၉-၂၀၂၃ ရက်နေ့တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၃) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / September 25, 2023


ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၃) ကို စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲ ပထမနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရအသုံးစာရင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဉီးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ စစ်ဆေးထိန်းကျောင်းပေးရမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကျင့်ဝတ်စံတန်ဖိုးများကို လေးစားလိုက်နာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဆောင်ရွက်ကြရန်နှင့် မိမိတို့ကိုယ်တိုင် အရည်အချင်းပြည့်ဝနေစေရန်သာမက မိမိဝန်ထမ်းများ စစ်ဆေးရေးစွမ်းဆောင်ရည်ပြည့်ဝစေရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးကြီးကြပ်ကွပ်ကဲရန်လည်း လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ Real Time Audit နှင့်တာဝန်ပေးစစ်ဆေးခြင်းဆိုင်ရာများ၊ ဝန်ထမ်းပိုင်းနှင့် စာရင်းပိုင်းဆိုင်ရာများ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက စစ်ဆေးရေးလုပ်ငန်းဆိုင်ရာများ၊ ဝန်ထမ်းနှင့်စာရင်းပိုင်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် စီမံရေးရာဉီးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာနနှင့် စစ်ဆေးရေးဉီးစီးဌာနတို့မှ ညွှန်ကြား‌ရေးမှူးချုပ်များက စီမံရေးရာနှင့်ဝန်ထမ်းဆိုင်ရာများ၊ သင်တန်းဆိုင်ရာများနှင့်စစ်ဆေးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးများက သက်ဆိုင်ရာဒေသမှ Online ဖြင့် တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၂၅၇၈ ခု

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

Information Sheet (4-12-2023) / Burmese (Myanmar Version)


ထုတ်ဝေသူ: Information Sheet/ December 06, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 38

ဘာသာစကား: Burmese (Myanmar Version)

Download

Information Sheet (4-12-2023) / English Version


ထုတ်ဝေသူ: Information Sheet/ December 06, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 38

ဘာသာစကား: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2023

ထုတ်ဝေသည့်နေ့ : 2023

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download