နောက်ဆုံးရသတင်းများ - ၇၄၉၉၁ ခု

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 25, 2024

နေ့စဉ်မြစ်ရေခန့်မှန်းချက်

PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျေးရွာအတွင်းသို့ Drone ယာဉ်အသုံးပြု၍ Drop Bomb များ အကြောင်းမဲ့ ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် တစ်လုံးပျက်စီး

ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 25, 2024

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကိုလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့်...............

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား ဓား၊ သေနတ်များဖြင့် အကြောင်းမဲ့ ထိုးခုတ်၊ ပစ်ခတ်သတ်ဖြတ်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 25, 2024

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့်............

ကျိုင်းတုံမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းက ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။

နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဆည်တာတမံများ ရေဝေရေလဲကောင်းမွန်စေရေးနှင့် သောက်သုံးရေဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဆည်တာတမံများ ရေဝေရေလဲကောင်းမွန်စေရေးနှင့် သောက်သုံးရေဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်း ဧပြီ ၂၃ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် တံပူစားကျေးရွာ၊ ကွင်းယားကြီးကျေးရွာ၊ တရုတ်မှော်ကျေးရွာနှင့် မဲမဲကျေးရွာတို့ရှိ နေအိမ်သုံးလုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၆၁ လုံး အမိုးလန်ပျက်စီးခဲ့သည်။

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ရေယာဉ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၈ ရက် မှ ဧပြီ ၂၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၅၂ ဒသမ ၉၆၉၂) တန်၊ သစ်မာ (၁၆၄ ဒသမ ၂၅၀၈)တန်၊ အခြား (၄၂၀ ဒသမ ၄၃၃၂)တန် စုစုပေါင်း ၆၃၇ ဒသမ ၆၅၃၂ တန်၊ ယာဉ်/ယန္တရား ၁၂ စီး၊ တရားခံ ၂၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် မြိတ်မြို့ရှိ ကျောက်ဖြူတောင်/ နတ်စင်ကုန်းကုန်ထုတ်စခန်း၊ မြိတ်အကျဉ်းထောင်၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်း ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 25, 2024

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်းကို ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ မြိတ်အကျဉ်းထောင်နှင့် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းတို့ကို ဧပြီ ၂၃ ရက်တွင်လည်းကောင်း၊ မြို့မရဲစခန်းအချုပ်ခန်းနှင့် ခရိုင်/ မြို့နယ်တရားရုံးအချုပ်ခန်းများကို ယနေ့တွင်လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။