ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ဆရာတော်၊သံဃာတော်၊သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူ
ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ ဆရာတော်၊သံဃာတော်၊သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 12, 2025
ဘားအံ - မေ (၁၂)
ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများအလေးအမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်၌ မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဆရာတော်၊သံဃာတော်၊သီလရှင် ၂၆၈၀ ပါးအား ပဲဆွမ်းလောင်းလှူခဲ့ ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့များ၊ ဓမ္မစကြာဝတ် အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်း သားပြည်သူများက ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဂန္ဓကုဋီတိုက်အား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ပြီး ပရိဘောဂစေတီထိုက်သောမဟာဗောဓိပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
ထို့နောက် အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရအမှူးပြုသော ရွှေယဉ်မျှော်ပြည် တော်ဧစေတီတော်၏ ဩဝါဒါစရိယဆရာတော်ကြီးများ ဦးဆောင်၍ ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၅ ကျောင်း၊ သီလရှင်ကျောင်း ၁၄ ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၆၈၀ ပါးအား မိုးတွင်းကာလဆွမ်းကိစ္စခက်ခဲပင် ပန်းမှုမရှိစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက မတ်ပဲ၊ ကုလားပဲ၊ ပဲဝါခြမ်း၊ ပဲဖြူလေး အစရှိသော ပဲအမျိုးမျိုးများကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းနှင့်လေသာကျောင်းထောင့်ရှိ မဟာဗောဓိပင်အား မြေဆီဩဇာများကျွေး၍ ရေစင် ရေသန့်များ သွန်းလောင်ကာ အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကဆုန်လပြည့်ဗုဒ္ဓနေ့စတုဒိသာအလှူတော် မင်္ဂလာအခမ်းအနားကို မြို့မဘောလုံးကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့် စေတနာရှင်ပြည်သူအစုအဖွဲ့ ၇၁ ဖွဲ့မှ မဏ္ဍပ် ၄၈ ခုတည်ဆောက်၍ မြန်မာမုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ စားဖွယ်အမျိုးမျိုး၊ အကြော်အမျိုးမျိုး တို့ဖြင့် အစား အသောက် ၂၀ မျိုးအား စတုဒိသာတည်ခင်းဧည့်ခံမှု၊ ဘားအံမြို့ပေါ်ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများမှ စတုဒိသာလာရောက် သုံးဆောင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ စတုဒိသာ လှူဒါန်းပွဲကို ပါဝင်ဆင်နွှဲခဲ့ပါသည်။







သတင်းစာများ - ၃၄၃၈ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
