ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 11, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

“၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန(ရုံးအမှတ်-၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ ကမ္ဘာပေါ်ရှိ လူဦးရေ တစ်ဘီလီယံခန့်သည် အမြင်အာရုံထိခိုက်မှု ခံစားနေကြရပြီး ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း၊ အမြင်အာရုံထိခိုက်မှု၏ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သော ရောဂါများအနေဖြင့် အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို၊ သွေးတိုးရောဂါတို့ကြောင့် ဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း(Trachoma Elimination in Myanmar)ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း။

မျက်ခမ်းစပ်ကဲ့သို့ ကူးစက်နိုင်သောမျက်စိရောဂါများ လျော့နည်းသွားသော်လည်း ဆီးချို၊ သွေးတိုးရောဂါများ၏ နောက်ဆက်တွဲမျက်စိရောဂါပြဿနာများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေးငယ်များ မျက်စိကျန်းမာရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များတွင် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါဖြစ်သော အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများ၌သာမက ကွင်းဆင်းကုသမှုအနေဖြင့် ကွင်းဆင်းအတွင်းတိမ်ခွဲစိတ်ခြင်း (Outreach Cataract Surgery)ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်သည် “Love Your Eyes” “အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့” ဖြစ်ကြောင်း၊ မျက်စိကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိလာစေရေးအတွက် အတွေ့အကြုံများကို မျှဝေပေးခြင်းဖြင့် လူတစ်ဦးချင်းစီတိုင်း အမြင်အာရုံကို ဦးစားပေးတန်ဖိုးထားတတ်ပြီး ပုံမှန် မျက်စိစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းများကို ပြုလုပ်လာစေရေး၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီစွာရရှိစေရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုပြီး မျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးခြင်းအစီအစဉ် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

သတင်းစာများ - ၃၃၇၃ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download