ကျောက်ကြီးမြို့နယ်ရှိကျေးရွာများကို တပ်မတော်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
ကျောက်ကြီးမြို့နယ်ရှိကျေးရွာများကို တပ်မတော်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 18, 2024

နေပြည်တော် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို တပ်မတော်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့်နေအိမ်များပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ သတင်းမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ၎င်းဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ် အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်ရာမှ ဗုံးသီးများသည် အရပ်သားပြည်သူများနေထိုင်ရာ လူနေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ ယခုအခါ ပြည်သူလူထုအနေဖြင့် အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ်များအား ရွံရှားမုန်းတီးနေပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများ၏ တစ်ဖက်သက်စွပ်စွဲရေးသားချက်များနှင့် အကြမ်းဖက်သမားများ၏လုပ်ရပ်များအား ဖုံးကွယ်ပေးရန်အတွက် သတင်းမှားများဖြင့် ဝါဒဖြန့်မှိုင်းတိုက်နေသည်ကို သိမြင်လာပြီဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ဆက်သွယ်ပြောကြားလာချက်အရ သိရှိရသည်။
သတင်းစာများ - ၃၁၄၉ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
