စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၅/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး တက်ရောက်
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၅/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး တက်ရောက်
စက်မှုဝန်ကြီးဌာန/ Ministerial Office / March 26, 2025

နေပြည်တော်၊ မတ် (၂၁)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)၌ ကျင်းပပြုလုပ်သည့် အမှတ်စဉ် (၁၂) စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားအား Virtual စနစ်ဖြင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ တက်ရောက်သည်။ ထို့ပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/ သူများနှင့် မိဘများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်းနိုင်ငံများနှင့်လည်း ပိုမိုပေါင်းစည်းနိုင်ရေးဆောင်ရွက်လျက် ရှိသည့်အပြင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင်စက်ရုံများ ရှင်သန်ရပ်တည်နိုင်ရေး၊ စီးပွားရေးအရ အမြတ်အစွန်းရရှိနိုင်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံချက်များ ချမှတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းကျောင်းမှ လေ့လာသင်ယူခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို စက်ရုံအလုပ်ရုံများတွင် ပြန်လည်အသုံးချပြီး နိုင်ငံအကျိုးကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် အခြေခံ လိုအပ်ချက်များကို တစ်ပြိုင်နက်တည်း တည်ဆောက်ရသကဲ့သို့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းသည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မောင်/မယ်တို့သည် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များဖြစ်၍ နိုင်ငံ၏ အနာဂတ်သည် မောင်/မယ်တို့၏ အရည်အချင်းနှင့် ခံယူချက်များပေါ်တွင် မူတည်နေကြောင်း၊ အရည်အချင်းဆိုသည်မှာ ကျောင်းစာတစ်ခုတည်း တော်ရုံတတ်ရုံနှင့် မလုံလောက်ဘဲ တစ်ဦးချင်း သင်ယူထားသည့် အတတ်ပညာများကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင်၊ စည်းကမ်းရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်အောင်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ အများအကျိုး သယ်ပိုး ဆောင်ရွက်လိုသော စိတ်ဆန္ဒရှိအောင် နေထိုင်ကျင့်ကြံမှသာ စစ်မှန်သည့် အရည်အချင်း ပြည့်ဝသော လူငယ်များအဖြစ် လူမှုပတ်ဝန်းကျင်က လက်ခံလာမည်ဖြစ်ကြောင်း၊ သင်တန်း ကျောင်းများအနေဖြင့် သင်တန်းသားများ၏ အရည်အသွေးများ အာမခံမှုရရှိရေး၊ အဆင့်မြင့် ပညာများ ဆက်လက်သင်ကြားနိုင်ရေးအတွက် အမျိုးသားပညာရေးအဆင့်မူဘောင် အဆင့်(၄)နှင့် ကိုက်ညီအောင် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် အရည်အသွေးအာမခံမှု ဖော်ဆောင်ခြင်းများအတွက် စက်မှုသင်တန်းကျောင်းဆိုင်ရာ ဌာနအဆင့်အရည်အသွေး အသိအမှတ်ပြုမှု အဖွဲ့များ ဖွဲ့စည်းအကောင်အထည်ဖော်မှုများကိုလည်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ စက်မှုသင်တန်းကျောင်း (၈) ကျောင်းကို ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေး၊ မြင်းခြံ၊ မုံရွာနှင့် သထုံမြို့များတွင်ဖွင့်လှစ်၍ အရည်အချင်းပြည့်ဝသည့် စက်မှုကျွမ်းကျင် လုပ်သား (၁,၀၀၀) ကျော်ကို နှစ်စဉ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့အပြင် သင်တန်းကျောင်းများအနေဖြင့် သင်တန်းတစ်ခု၊ အောင်လက်မှတ် (၂)မျိုး စနစ်ဖြင့် အမျိုးသား ပညာရေးအဆင့်မူဘောင် အဆင့်(၄)နှင့် ညီမျှသော သင်တန်းဆင်းလက်မှတ်ပေးအပ်မည် ဖြစ်သကဲ့သို့ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက်လည်း မြန်မာနိုင်ငံလုပ်သား များ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)မှ ကြီးမှူးပြုလုပ်ပေးသော ကျွမ်းကျင်မှု စစ်ဆေးရေးအကဲဖြတ်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရေးအနေဖြင့် လခစားဝန်ထမ်းအဖြစ်သာမက စွန့်ဦးတီထွင်မှု စိတ်ဓာတ်များမွေးမြူပြီး လုပ်ငန်းရှင်လူငယ်များအဖြစ် ရရှိနိုင်စေရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချ နိုင်ရေးတို့အတွက်ပါ ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သင်တန်းသားများကို စက်မှု ပညာရပ်သာမက စည်းကမ်း ပြည့်ဝရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ရည်မှန်းချက်ခိုင်မာပြီး ဇွဲ စိတ်ဓာတ်ရှိရေး၊ မျိုးချစ်စိတ်နှင့် ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုများ အမျိုးသားရေးလက္ခဏာ များကို ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် အခြေခံကောင်းများကိုပါ ITC Program Standards နှင့်အညီ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ လက်တွေ့ဘဝ နယ်ပယ်အသီးသီးတွင် ခေတ်နှင့် အညီ ဖွံ့ဖြိုးတိုးတက်နေသည့် နည်းပညာများကို ဆက်လက်ဆည်းပူးလေ့လာပြီး မိမိကိုယ်ကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်နေကြရမည်ဖြစ်သည့်အတွက် မိမိကိုယ်တိုင်က လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ၊ အစဉ်လေ့လာသင်ယူသူများဖြစ်အောင် လေ့ကျင့်သွားကြပါ၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ခေတ်နောက်ကျ မကျန်နေအောင် အစဉ်လေ့လာသွားကြပါ၊ စက်မှုကျွမ်းကျင် လုပ်သားကောင်းတစ်ယောက်မှသည် ထူးချွန်အောင်မြင်သော နိုင်ငံ့အကျိုး သယ်ပိုးထမ်းရွက် ဆောင်နိုင်ကြသူများဖြစ်လာအောင် မိမိလျှောက်လှမ်းတော့မည့် နယ်ပယ်အသီးသီးတွင် မိမိကိုယ်ကို ထိန်းကျောင်းတည့်မတ်ရင်း ပြုမူနေထိုင်ကျင့်ကြံသွားကြပါ၊ “ကျွမ်းကျင်၊ ရိုးသား၊ စွမ်းရည်မြင့်မား၊ စက်မှုသင်တန်းသား”ဆိုသည့် စက်မှုသင်တန်းကျောင်း၏ ဆောင်ပုဒ်နှင့်အညီ ယခုထက် ပိုမိုကျွမ်းကျင်အောင် မိမိတွင်ရှိသည့် စွမ်းရည်များ အဆင့်ဆင့် ပိုမိုမြင့်မားအောင် ဆက်လက်လေ့လာကြပါ၊ ကိုယ်ကျင့်တရား အကျင့်စာရိတ္တကောင်းမွန်သည့် ရိုးသားပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုသော လူငယ်လူရွယ်များဖြစ်အောင် ပြုစု ပျိုးထောင်သွားကြပါ၊ တိုင်းပြည်နှင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရန်အတွက် စိတ်ဓာတ် ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းဖြင့် စက်မှုသင်တန်းကျောင်းဆင်းတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကမ္ဘာတွင် အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနှင့်တန်းတူ တန်ဖိုးထားပြီး ပြည်သူလူထုက လက်ခံအောင်ဆောင်ရွက်နိုင်သည့် နိုင်ငံများသည် အတိုးတက်ဆုံးနှင့် ဖွံ့ဖြိုးမှုအများဆုံး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရေတို/ရေရှည် စီမံကိန်းစီမံချက်များ စနစ်တကျ ချမှတ်အကောင်အထည်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များရရှိရေးအတွက် လေ့ကျင့်ပျိုးထောင်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ လူသားအရင်းအမြစ်စွမ်းဆောင်နိုင်အားကို အပြည့်အဝအသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသများတွင် ကုန်ထုတ်လုပ်ငန်းနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် လုပ်ငန်း (၈)ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတက်မှု အရှိန်အဟုန်မပျက်စေရေးအတွက် အားသွန်ခွန်စိုက်အလေးထား ဆောင်ရွက်ရန်နှင့် မိမိတို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
အစီအစဉ်အရ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က သင်တန်းသားစံပြဆုရ သင်တန်းသားအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဘာသာရပ် အလိုက်ထူးချွန်ဆုရ သင်တန်းသား/သူများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်က ဘာသာရပ် အလိုက် သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်း အနားအား ရုပ်သိမ်းသည်။
ဆက်လက်၍ တာဝန်ရှိသူများသည် သင်တန်းသား/သူများနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း၊ သင်တန်းသား/သူများ၏ သင်တန်းဆင်း Project များအား ကြည့်ရှုအားပေးခြင်းနှင့် ထူးချွန်ဆုရ Project များအား ဆုများပေးအပ်ချီးမြှင့်သည်။ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)အနေဖြင့် သင်တန်းအမှတ်စဉ် (၁၂)ခု ဖွင့်လှစ်၍ သင်တန်းသား/သူ စုစုပေါင်း (၁၈၁၄)ဦးကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
မွန်းလွဲပိုင်းတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၅/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄)ကြိမ်ပြုလုပ်ခဲ့ပြီး စက်ပစ္စည်းကြီးကြပ်မှုကော်မတီအနေဖြင့် ရန်ပုံငွေ လွှဲပြောင်းနှင့် စီမံကိန်းတန်ဖိုးပြောင်း အမှုတွဲများကို ကော်မတီဝင်များနှင့် ဆွေးနွေးညှိနှိုင်း၍ အတည်ပြုပေးခဲ့ကြောင်း၊ ယခုအစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးဌာန/အဖွဲ့အစည်းများက တင်ပြလာသည့် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း အမှာစာ(၈)စောင်အား အတည်ပြုဆွေးနွေးရန်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် စက်ပစ္စည်းအတွက် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေလျာထားခြင်း၊ ဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၄)ကို ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုသင်တန်းကျောင်း (Public Finance Management - PFM) တွင်လည်း ဝန်ကြီးဌာနအဖွဲ့အစည်းများရှိ သင်တန်းသားများသို့ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ပြုစုရေးဆွဲထားသည့် စက်ကိရိယာပစ္စည်းစီမံခန့်ခွဲမှုလုပ်ထုံး လုပ်နည်းများ (Equipment Management Procedure) (မူကြမ်း) ကို ယခုအစည်းအဝေးတွင် ကော်မတီဝင်များကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသောအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရခြင်းဖြစ်၍ နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် အဖွဲ့ဝင်များမှ စက်ကိရိယာပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ ပြုစုနိုင်ရေးအတွက်လည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနများက တင်ပြသည့် အမှုတွဲများကို သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ရှင်းလင်းတင်ပြခြင်းတို့ကိုလည်းကောင်း၊ စက်ကိရိယာပစ္စည်းစီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်းများ (မူကြမ်း) အပေါ် ကောင်စီဝင်များ၏ ဆွေးနွေးခဲ့မှုများ အပေါ်တွင်လည်းကောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်း အနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

သတင်းစာများ - ၃၁၃၇ ခု

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download