စက်မှုဝန်ကြီးဌာန၏ (၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2025
image_latest


နေပြည်တော် မေ ၂၃

စက်မှုဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းခဲ့သည့် (၄)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ကျောင်းအုပ်ကြီးများ၊ စက်ရုံ၊ အလုပ်ရုံများရှိ စက်ရုံမှူးနှင့် စက်ရုံတာဝန်ခံများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ပုံရိပ် ပိုမိုကောင်းမွန်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် စက်ရုံအချို့၌ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ လတ်တလောရပ်ဆိုင်းထားရသည့် စက်ရုံများအား လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်နိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အမြန်ပြန်လည်စတင်နိုင်ရေး အထူးအလေးထား၍ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်ကာလအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်များဖြင့် ရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနလုပ်ငန်းများအနေဖြင့် (၄)နှစ်တာကာလအတွင်း ထူးခြားစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ဆွေးနွေးတင်ပြပေးရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာန ၏ (၄)နှစ်တာကာလအတွင်း စီမံကိန်းကြီးများ ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက ဦးစီးဌာနနှင့် လုပ်ငန်းများအလိုက် (၄)နှစ်တာကာလအတွင်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီးတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် တစ်လခန့်အထိ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ဆက်တိုက်ဆောင်ရွက်ပေးခဲ့သည့် အရာထမ်းနှင့်အမှုထမ်းများအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားမည့် စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအား ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း ပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၂၂ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download